စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

စတုဘုမ္မိကဆရာတော်ဘုရားများ၏ ဆုံးမသြ၀ါဒ

ပထမငှက်တွင်းဆရာတော်ဘုရားကြီး၏ ဆုံးမစာ
   
 နေလျှင် ၆-ချက် 
၁) အဖိုးမထိုက်သော ကိလေသာ အခွာရခက်သည်။ 
၂) မထင်ရှားသော ကြိုးဆယ်စင်း အဖြေရခက်သည်။ 
၃) အခိုးမထွက်သော ရာဂမီး ၁၁-သီး အငြိမ်းရခက်သည်။
၎) မဝေးသော နိဗ္ဗာန်ခရီး အသွားရခက်သည်။
၅) အရှင်မရှိသော ဥစ္စာ အရှာရခက်သည်။ 
၆) ကိုယ်ဝန်ဆောင် ယောက်ျား အဖွားရခက်သည်။ 

 သေလျှင် ၆-ချက် 
၁) အစားအသောက် မည်မျှစားနိုင်သည် ဆိုစေကာမူ အပြီးသတ် ငတ်၍ သေပါလိမ့်မည်။ 
၂) ဥစ္စာပစ္စည်း မည်မျှချမ်းသာသည် ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။
၃) ဆဒ္ဒန်ဆင် ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၎) စကားပြော မည်မျှကောင်းသည် ဆိုစေကာမူ အ,၍ သေပါလိမ့်မည်။
၅) နတ်မမီ လူမမျှ လှပသည် ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။ 
၆) စုံမက်ချစ်ခင်သူ များသည် ဆိုစေကာမူ အမုန်းခံ၍ သေပါလိမ့်မည်။ 
   
၁) တရားကောင်းလျက် ၀ါးမျက်ဖျက်

၁) ဘုရားပျောက်သော် စိတ်မှာရှာ 
၂) တရားပျောက်သော် ကိုယ်မှာရှာ
၃) သံဃာပျောက်သော် ဒါန-သီလ-ဘာဝနာ သုံးခုပေါင်း၍ရှာ


ပထမနံယောဆရာတော်ဘုရား၏ သြ၀ါဒ
၁) သာသနာရေး၊ နယ်မရွေး၊ အားပေးရမည်သာ။
 ၂) စိတ်ရှည်ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ။

၃) ဒုစရိုက်မျှ၊ မသိက၊ လူအ ခေါ်သည်သာ။ 
ရုပ်နာမ်ဓမ္မ၊ မသိက၊ လူန ခေါ်သည်သာ။    
အ,ယင်လဲ၊ အောက်ကျမယ်၊ န,ယင်လဲ၊ နောက်ကျမယ်၊ 
အအ နန၊ ထိုနှစ်ဝ၊ ပယ်ကြ နေ့စဉ်သာ။ 

၎) စိတ်ပါဝင်စား၊ သတိထား၊ တရားနာကြပါ။ 

၅) မဂ္ဂင်ပါရမီ၊ ခြင်္သေ့ဆီ၊ ယုံကြည် ဆောင်ပွားပါ။ 

၆) ခန္ဓာဟူက၊ ဆင်းရဲလှ၊ ဒုက္ခသစ္စာသာ။ 
ခန္ဓာဖြစ်မှု၊ ကံအစု၊ သမုဒယသာ။ 
ကိလေသုံးဝ၊ ချုပ်ငြိမ်းရ၊ မှတ်ကြ နိရောဓာ။ 
သိက္ခာသုံးဝ၊ ပွားစီးက၊ မဂ္ဂသစ္စာသာ။