အာ-ဣ-စတု၊ ပဋိက္ကု၊ ဓာတု သိဝိကာ။
တစ်ဆယ့်လေးဝ၊ ပိုင်းခြားပြ၊ ကာယ ဤကိုယ်မှာ။
ပဋိက္ကုလ၊ ဒွတ္တိံသ၊ ကာယ ဤအရာ။
(၂) ထက်အောက်နိမ့်မြင့်၊ ဆံနှင့်ခြေဖျား၊ ဖီလာအား၊ ပိုင်းခြား အရေသာ။
ပိုင်းခြားအတွင်း၊ ပြည့်တင်းစုဝေး၊ ဗျုပ္ပတ်ပေး၊ မည်ရေး ဤကာယာ။
(၃) ဟောပြကမ္မဋ္ဌာန်း၊ စီးဖြန်းလိုလား၊ အမျိုးသား၊ တောင်းငြား ရှေးနည်းသာ။
တောင်းလာမိန့်လှစ်၊ ခုနစ် ဥဂ္ဂဟ၊ ဒသ မနသိ၊ ခွဲဝေရှိ ကြားဘိ ဤသို့လာ။
ဝစ-မန၊ ၀ဏ္ဏ-သဏ္ဌာ၊ ဒိသာ-သြက၊ ပိုင်းခြားပြ၊ သတ္တ ဥဂ္ဂဟာ။
ဦးစွာစလတ်၊ နှုတ်မပြတ်၊ ရွတ်ဖတ် စီးဖြန်းရာ။
နုလုံ-ပဋိ၊ ပိုင်းဖြတ်ရှိ၊ မှတ်သိ ရွတ်နည်းမှာ။
(၄) မထင်သမျှ၊ ကာလရာထောင်၊ ကြာအောင်ပင်ရှု၊ စီးဖြန်းပြု၊ ရွတ်မှု နှုတ်ဖြင့်သာ။
နှုတ်ရွတ်ရှည်လား၊ တူငြားလက်ချောင်း၊ ချင်းတောင်းထည့်ထား၊ နှမ်းဆံလား၊ ထင်ရှား ကောဋ္ဌာသာ။
ထင်လာစွဲလမ်း၊ နှုတ်နည်းမှန်း၊ စီးဖြန်း မနသာ။
မနောစိတ်တွင်၊ ပိုင်နိုင်လျှင်၊ ထင်မြင် အသုဘာ။
အသုဘလက္ခဏာ၊ မှန်စွာမြင်လတ်၊ တဏှာဓာတ်၊ ကင်းပြတ် ယောဂီမှာ။
(၅) အနုပုဗ္ဗ၊ သီဃ-သဏိ၊ ပဋိဗာဟ၊ တိက္ကမ၊ မုဉ္စ-အပ္ပနာ။
သုံးပါးသုတ္တ၊ ထည့်သွင်းပြ၊ ဒသ ကောသလ္လာ။
(၆) မလျှင်မနှေး၊ ရွတ်ဖတ်ပေး၊ သွင်းရေး နှလုံးမှာ။
ရွတ်ဖတ်အားသန်၊ အမြန်ဆိုလျှင်၊ မသိမြင်၊ မထင် ကမ္မဋ္ဌာန်းသာ။
လျှင်မြန်ယောက်ျား၊ ခရီးသွား၊ တူငြား ဖြစ်ပုံမှာ။
နှေးပြန်ခရီး၊ မပြီးအခွင့်၊ လမ်းမှားဖင့်၊ နေလင့် ပုံပမာ။
(၇) အာရုံ ဗဟိဒ္ဓ၊ ၀ိက္ခေပစု၊ ထားမြစ်ပြု၊ ရှေးရှု ဒွတ္တိံသာ။
အာရုံ မတားမြစ်၊ မထင်လစ်၊ မဖြစ် အကျိုးမှာ။
ခြေနင်း ခြေချ၊ ဟန်မရထား၊ လမ်းကျပ်သွား၊ လဲငြား ပုံပမာ။
(၈) လောကပညတ်၊ အစဉ်ဖျက်ပြု၊ ပဋိက္ကု၊ ထားရှု စိတ်ကိုသာ။
ပန်းတုံးပြထား၊ ရေတွင်းလားတုံ၊ ခြေရာဖုံ၊ အာရုံ ဒွတ္တိံသာ။
(၉) မထင်လွှတ်ပြု၊ အထင်ရှု၊ အနုမုဉ္စသာ၊
သုံးဆယ့်နှစ်ပင်၊ ထန်းတောတွင်၊ ခိုဝင် မျောက်ပမာ။
မျောက်လိုက်မုဆိုး၊ ပစ်ခတ်ထိုးတုံ၊ ကျော်ခုံပုန်းအောင်း၊
အပင်ပြောင်း၊ ကြာညောင် ၀ပ်သည်သာ။
ဒွတ္တိံတောကြီး၊ ခိုမှီးမျောက်တု၊ မနောရှုစား၊
မုဆိုးကား၊ တူငြား ယောဂီသာ။
(၁၀) ကောဋ္ဌာသပင်၊ အလွန်ထင်၊ ခေါ်တွင် အပ္ပနာ။
(၁၁) စိတ်တည်စေဘိ၊ အကြောင်းရှိ၊ အဓိ သုတ္တန္တာ။ (အံ၊ပါ၁၊နှာ-၂၅၈)
စိတ်ငြိမ်စေဘိ၊ အကြောင်းရှိ၊ သီတိ သုတ္တန္တာ။ (အံ၊ပါ၂၊နှာ-၃၇၉)
သစ္စာမြင်သိ၊ အကြောင်းရှိ၊ အဂ္ဂိ သုတ္တန္တာ။ (သံ၊ပါ၃၊၉၉)
(၁၂) ဤသို့ဟောပြ၊ ကောသလ္လနှင့် မှတ်လစ်တောင်းယူ၊ ရှေးနည်းတူ၊ ပွားသူ အားထုတ်ရာ။
တပင်နှစ်ပင်၊ ဆွဲငင်နှုတ်ထား၊ ဆံပင်များ၊ မှတ်သား ပြုအပ်စွာ။
လုံးစုံမကြွင်း၊ အဆင်းသဏ္ဍာန်၊ ဖြစ်ရန် ဒိသာ၊ တည်ရာပိုင်းခြား၊ ဤငါးပါး၊ မှတ်သား မနောမှာ။
တနည်းရှုသွင်း၊ အဆင်းသဏ္ဍာန်၊ ဖောက်ပြန်ဂန္ဓ၊ အာသယရှု၊ ဤငါးခု၊ မှတ်ပြု ဆင်ခြင်ရာ။
(၁၃) မဲငြစ်ဆံရောင်၊ နီကြောင်မွေးညင်း၊ ဖြူဆင်းလက်ခြေ၊ သွား-အရေ၊ ခွဲဝေ ကြည့်ရှုရာ။
သားတစ်ကိုးရာ၊ ကြောမှာနည်းတူ၊ အရိုးမူ၊ မှတ်ယူ တိသတာ။
ရိုးတွင်းအရည်၊ ခေါ်ချင်ဆီ၊ ဖြူကြည် အဆင်းမှာ။
အညှာဧက၊ နှစ်ခွသားတစ်၊ နှလုံးရစ်၊ တည်လစ် အညို့သာ။
(၁၄) အချောပြင်ပ၊ အတွင်းပွလတ်၊ သားမြတ်အကြား၊ နှလုံးသား၊ နီငြား အဆင်းမှာ။
လက်ျာနံပါး၊ မှီငြားဖြစ်မှန်၊ ယကနံ၊ မှတ်ရန် အသားလွှာ။
လွှမ်း-မလွှမ်း အမှေး၊ ဖြူဖွေးရစ်လည်၊ ပြန့်နှံ့တည်၊ အမည် ကိလောမာ။
ဖွဲ့စပ်မတွဲ၊ လက်ဝဲနံစောင်း၊ ညိုမောင်းအဆင်း၊ မယွင်းတည်ငြား၊ အဖျင်းသား၊ ရှုစား ပိဟကာ။
သုံးဆယ်နှစ်နှစ်၊ သားတစ်ပူးလတ်၊ သားမြတ်အကြား၊ အဆုတ်သား၊ ခေါ်ငြား ပဗ္ဖသာ။
(၁၅) သုံးဆယ်နှစ်နှစ်၊ ရှိလစ်ပုရိ၊ အဋ္ဌပိ၊ ဣတ္ထိ အူမသာ။
အူမပူးကပ်၊ ချုပ်စပ်ပြုထား၊ ကြိုးသေးလား၊ မှတ်သား အူသိမ်မှာ။
စားသောက်သွတ်သွင်း၊ ၀မ်းတွင်းအူပြင်၊ မကြေခင်၊ မည်တွင် စာသစ်သာ။
ဝမ်းမီးလောင်လျက်၊ လျောထွက်မငြိမ်၊ စာကျက်အိမ်စု၊ ငြစ်ချေးစု မှတ်ရှု အဟောင်းသာ။
ဦးခေါင်းခွံတွင်၊ အဆင်းဖြူနု၊ ခြင်ဆီစု၊ မှတ်ရှု ဦးနှောက်သာ။
(၁၆) ဗဒ္ဓါဗဒ္ဓ၊ ဤနှစ်ဝ၊ ပိတ္တ သည်းခြေသာ။
တကွန်းစားရှိ၊ ချွဲကျိဖုံးနှိပ်၊ စာသစ်ပိတ်၊ သလိပ် သေမှသာ။
သွေးပုပ်များထပ်၊ စုဝေးရပ်၊ ရှုအပ် ပြည်ပုဗ္ဗာ။
စုဝေးရွေ့ရှား၊ သွေးနှစ်ပါး၊ ရှုစား လောဟိတာ။
အပူလွန်ပြင်း၊ မွေးညင်းတွင်း၊ ထက်ဆင်း ချွေးသေဒါ။
ဝါ၀င်းစိုရွဲ၊ အဆီခဲ၊ ခေါ်မြဲ မေဒသာ။
(၁၇) သောမန-ဒေါမနသ်၊ ဖြစ်လတ်မတည်၊ စီးမျက်ရည်၊ အမည် အဿုသာ။
ခဲ၍မတည်၊ အဆီကြည်၊ အမည် ၀သသာ။
စပ်-ငံ-ဖန်-ခါး၊ သောက်စားပြုလတ်၊ စီးယိုဓာတ်၊ ခေါ်မှတ် တံထွေးသာ။
ချောက်ခြားဓာတ်ဖောက်၊ ဦးနှောက်အတွင်း၊ ထွက်ဆင်းနှာဖု၊ အရည်စု၊ မှတ်ရှု သိင်္ဃဏိသာ။
ရိုးဆက်တည်ငြား၊ နယ်ဆီလားတု၊ အစေးစု၊ ခေါ်ပြု လသိကာ။
မှောက်ထားအိုးတွင်း၊ မဆင်းရေလား၊ ကျင်ငယ်များ၊ တည်ငြား စည်ပေါင်းမှာ။
(၁၈) ပြည်-ချွေး-မျက်ရည်၊ ဆီကြည်-တံတွေး၊ နှပ်ညစ်ထေးစု၊
ဤခြောက်ခု၊ တည်မှု မမြဲရာ။
သေသဆဗ္ဗီ၊ အမြဲတည်၊ နံညှီ ဤခန္ဓာ။
(၁၉) သုံးဆယ့်နှစ်မျိုး၊ တစ်ကြိုးသီထား၊ ပန်းကုံးလားပင်၊
ရှုဆင်ခြင်၊ ထင်မြင် ကောဋ္ဌာသာ။
ထင်ရှား အတ္တ၊ နှိုင်းကြည့်က၊ ပရ နည်းတူသာ။
အဇ္ဈတ်-ဗဟိ၊ သိမြင်ရှိက၊ သတ္တ စွန့်ဖြတ်၊
အာရုံကပ်၊ ထင်မှတ် ကောဋ္ဌာသာ။
သတ္တ၀ါအများ၊ လှည့်လည်သွားလည်း၊ စွဲငြားမပြု၊
ဒွတ္တိံစု၊ ထင်မူ မြဲသောခါ။
အစဉ်လွှတ်ရှု၊ ပဋိက္ကု၊ သွင်းပြု နှလုံးမှာ။
နှလုံးသွင်းပြု၊ ဒွတ္တိံစု၊ ထင်မှု ဧကေကာ။
အဆင်း-သဏ္ဌာန်၊ ဖြစ်ရန် ဌာန၊ သြကာသနှင့်
ပရိစ္ဆေဒစု၊ တခုခုကြုံ၊ ထင်အာရုံ၊ မှတ်တုံ ဥဂ္ဂဟာ။
ဝဏ္ဏစသား၊ ငါးပါးကုန်စင်၊ စက်ဆုပ်ထင်မှု၊
အာရုံပြု၊ မှတ်ရှု ပဋိဘာ။
ပဋိနိမိတ်၊ ရှုစိတ်ရှေးထား၊ ထပ်ခါပွား ဖြစ်ငြား အပ္ပနာ။ ။
(၇) အာရုံ ဗဟိဒ္ဓ၊ ၀ိက္ခေပစု၊ တားမြစ်ပြု၊ ရှေးရှု ဒွတ္တိံသာ။
အာရုံ မတားမြစ်၊ မထင်လစ်၊ မဖြစ် အကျိုးမှာ။
ခြေနင်း ခြေချ၊ ဟန်မရထား၊ လမ်းကျပ်သွား၊ လဲငြား ပုံပမာ။
(၈) လောကပညတ်၊ အစဉ်ဖျက်ပြု၊ ပဋိက္ကု၊ ထားရှု စိတ်ကိုသာ။
ပန်းတုံးပြထား၊ ရေတွင်းလားတုံ၊ ခြေရာဖုံ၊ အာရုံ ဒွတ္တိံသာ။
(၉) မထင်လွှတ်ပြု၊ အထင်ရှု၊ အနုမုဉ္စသာ၊
သုံးဆယ့်နှစ်ပင်၊ ထန်းတောတွင်၊ ခိုဝင် မျောက်ပမာ။
မျောက်လိုက်မုဆိုး၊ ပစ်ခတ်ထိုးတုံ၊ ကျော်ခုံပုန်းအောင်း၊
အပင်ပြောင်း၊ ကြာညောင် ၀ပ်သည်သာ။
ဒွတ္တိံတောကြီး၊ ခိုမှီးမျောက်တု၊ မနောရှုစား၊
မုဆိုးကား၊ တူငြား ယောဂီသာ။
(၁၀) ကောဋ္ဌာသပင်၊ အလွန်ထင်၊ ခေါ်တွင် အပ္ပနာ။
(၁၁) စိတ်တည်စေဘိ၊ အကြောင်းရှိ၊ အဓိ သုတ္တန္တာ။ (အံ၊ပါ၁၊နှာ-၂၅၈)
စိတ်ငြိမ်စေဘိ၊ အကြောင်းရှိ၊ သီတိ သုတ္တန္တာ။ (အံ၊ပါ၂၊နှာ-၃၇၉)
သစ္စာမြင်သိ၊ အကြောင်းရှိ၊ အဂ္ဂိ သုတ္တန္တာ။ (သံ၊ပါ၃၊၉၉)
(၁၂) ဤသို့ဟောပြ၊ ကောသလ္လနှင့် မှတ်လစ်တောင်းယူ၊ ရှေးနည်းတူ၊ ပွားသူ အားထုတ်ရာ။
တပင်နှစ်ပင်၊ ဆွဲငင်နှုတ်ထား၊ ဆံပင်များ၊ မှတ်သား ပြုအပ်စွာ။
လုံးစုံမကြွင်း၊ အဆင်းသဏ္ဍာန်၊ ဖြစ်ရန် ဒိသာ၊ တည်ရာပိုင်းခြား၊ ဤငါးပါး၊ မှတ်သား မနောမှာ။
တနည်းရှုသွင်း၊ အဆင်းသဏ္ဍာန်၊ ဖောက်ပြန်ဂန္ဓ၊ အာသယရှု၊ ဤငါးခု၊ မှတ်ပြု ဆင်ခြင်ရာ။
(၁၃) မဲညစ်ဆံရောင်၊ နီကြောင်မွေးညင်း၊ ဖြူဆင်းလက်ခြေ၊ သွား-အရေ၊ ခွဲဝေ ကြည့်ရှုရာ။
သားတစ်ကိုးရာ၊ ကြောမှာနည်းတူ၊ အရိုးမူ၊ မှတ်ယူ တိသတာ။
ရိုးတွင်းအရည်၊ ခေါ်ချင်ဆီ၊ ဖြူကြည် အဆင်းမှာ။
အညှာဧက၊ နှစ်ခွသားတစ်၊ နှလုံးရစ်၊ တည်လစ် အညို့သာ။
(၁၄) အချောပြင်ပ၊ အတွင်းပွလတ်၊ သားမြတ်အကြား၊ နှလုံးသား၊ နီငြား အဆင်းမှာ။
လက်ျာနံပါး၊ မှီငြားဖြစ်မှန်၊ ယကနံ၊ မှတ်ရန် အသားလွှာ။
လွှမ်း-မလွှမ်း အမှေး၊ ဖြူဖွေးရစ်လည်၊ ပြန့်နှံ့တည်၊ အမည် ကိလောမာ။
ဖွဲ့စပ်မတွဲ၊ လက်ဝဲနံစောင်း၊ ညိုမောင်းအဆင်း၊ မယွင်းတည်ငြား၊ အဖျင်းသား၊ ရှုစား ပိဟကာ။
သုံးဆယ်နှစ်နှစ်၊ သားတစ်ပူးလတ်၊ သားမြတ်အကြား၊ အဆုတ်သား၊ ခေါ်ငြား ပပ္ဖသာ။
(၁၅) သုံးဆယ်နှစ်နှစ်၊ ရှိလစ်ပုရိ၊ အဋ္ဌပိ၊ ဣတ္ထိ အူမသာ။
အူမပူးကပ်၊ ချုပ်စပ်ပြုထား၊ ကြိုးသေးလား၊ မှတ်သား အူသိမ်မှာ။
စားသောက်သွတ်သွင်း၊ ၀မ်းတွင်းအူပြင်၊ မကြေခင်၊ မည်တွင် စာသစ်သာ။
ဝမ်းမီးလောင်လျက်၊ လျောထွက်မငြိမ်၊ စာကျက်အိမ်စု၊ ညစ်ချေးစု၊ မှတ်ရှု အဟောင်းသာ။
ဦးခေါင်းခွံတွင်၊ အဆင်းဖြူနု၊ ခြင်ဆီစု၊ မှတ်ရှု ဦးနှောက်သာ။
(၁၆) ဗဒ္ဓါဗဒ္ဓ၊ ဤနှစ်ဝ၊ ပိတ္တ သည်းခြေသာ။
တကွန်းစားရှိ၊ ချွဲကျိဖုံးနှိပ်၊ စာသစ်ပိတ်၊ သလိပ် သေမှသာ။
သွေးပုပ်များထပ်၊ စုဝေးရပ်၊ ရှုအပ် ပြည်ပုဗ္ဗာ။
စုဝေးရွေ့ရှား၊ သွေးနှစ်ပါး၊ ရှုစား လောဟိတာ။
အပူလွန်ပြင်း၊ မွေးညင်းတွင်း၊ ထက်ဆင်း ချွေးသေဒါ။
ဝါ၀င်းစိုရွဲ၊ အဆီခဲ၊ ခေါ်မြဲ မေဒသာ။
(၁၇) သောမန-ဒေါမနသ်၊ ဖြစ်လတ်မတည်၊ စီးမျက်ရည်၊ အမည် အဿုသာ။
ခဲ၍မတည်၊ အဆီကြည်၊ အမည် ၀သသာ။
စပ်-ငံ-ဖန်-ခါး၊ သောက်စားပြုလတ်၊ စီးယိုဓာတ်၊ ခေါ်မှတ် တံထွေးသာ။
ချောက်ခြားဓာတ်ဖောက်၊ ဦးနှောက်အတွင်း၊ ထွက်ဆင်းနှာဖု၊ အရည်စု၊ မှတ်ရှု သိင်္ဃဏိသာ။
ရိုးဆက်တည်ငြား၊ နယ်ဆီလားတု၊ အစေးစု၊ ခေါ်ပြု လသိကာ။
မှောက်ထားအိုးတွင်း၊ မဆင်းရေလား၊ ကျင်ငယ်များ၊ တည်ငြား စည်ပေါင်းမှာ။
(၁၈) ပြည်-ချွေး-မျက်ရည်၊ ဆီကြည်-တံတွေး၊ နှပ်ညစ်ထေးစု၊
ဤခြောက်ခု၊ တည်မှု မမြဲရာ။
သေသဆဗ္ဗီ၊ အမြဲတည်၊ နံညှီ ဤခန္ဓာ။
(၁၉) သုံးဆယ့်နှစ်မျိုး၊ တစ်ကြိုးသီထား၊ ပန်းကုံးလားပင်၊
ရှုဆင်ခြင်၊ ထင်မြင် ကောဋ္ဌာသာ။
ထင်ရှား အတ္တ၊ နှိုင်းကြည့်က၊ ပရ နည်းတူသာ။
အဇ္ဈတ်-ဗဟိ၊ သိမြင်ရှိက၊ သတ္တ စွန့်ဖြတ်၊
အာရုံကပ်၊ ထင်မှတ် ကောဋ္ဌာသာ။
သတ္တ၀ါအများ၊ လှည့်လည်သွားလည်း၊ စွဲငြားမပြု၊
ဒွတ္တိံစု၊ ထင်မူ မြဲသောခါ။
အစဉ်လွှတ်ရှု၊ ပဋိက္ကု၊ သွင်းပြု နှလုံးမှာ။
နှလုံးသွင်းပြု၊ ဒွတ္တိံစု၊ ထင်မှု ဧကေကာ။
အဆင်း-သဏ္ဌာန်၊ ဖြစ်ရန် ဌာန၊ သြကာသနှင့်
ပရိစ္ဆေဒစု၊ တခုခုကြုံ၊ ထင်အာရုံ၊ မှတ်တုံ ဥဂ္ဂဟာ။
ဝဏ္ဏစသား၊ ငါးပါးကုန်စင်၊ စက်ဆုပ်ထင်မှု၊
အာရုံပြု၊ မှတ်ရှု ပဋိဘာ။
ပဋိနိမိတ်၊ ရှုစိတ်ရှေးထား၊ ထပ်ခါပွား ဖြစ်ငြား အပ္ပနာ။ ။
၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်း
ပါဠိ
အတ္ထိ
ဣမသ္မိံကာယေ-
ကေသာ လောမာ နခါ ဒန္တာ တစော၊
မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဖံ ၀က္ကံ၊
ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ၊
အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ၊
ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊
အဿု ၀သာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တန္တိ။
ကေသာ လောမာ နခါ ဒန္တာ တစော၊
မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဖံ ၀က္ကံ၊
ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ၊
အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ၊
ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊
အဿု ၀သာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တန္တိ။
၃၂-ကောဋ္ဌာသကမ္မဋ္ဌာန်း
ပါဠိ-မြန်မာအဖွင့်
ဣမသ္မိံကာယေ၊ တွင်း,ပ၀န်းကျင် မစင်ပြည့်မွမ်း အရေလွှမ်းထ ဤကာယ၌-
၁။ ကေသာ၊ အဆင်းမည်းဖြူ ချိန်တူသဏ္ဍာန် ချက်ဌာန်ဥပရိ ဦးမှာရှိသား ဒွိပရိစ္ဆေ နှစ်ကုဋေငါးသန်း ဂဏန်းများဖြင့် ဆံပင်အစုတို့သည်။
ဣမသ္မိံကာယေ၊ တွင်း,ပ၀န်းကျင် မစင်ပြည့်မွမ်း အရေလွှမ်းထ ဤကာယ၌-
၁။ ကေသာ၊ အဆင်းမည်းဖြူ ချိန်တူသဏ္ဍာန် ချက်ဌာန်ဥပရိ ဦးမှာရှိသား ဒွိပရိစ္ဆေ နှစ်ကုဋေငါးသန်း ဂဏန်းများဖြင့် ဆံပင်အစုတို့သည်။
၂။ လောမာ၊ စင်းငယ်မည်းနက် ထန်းမြစ်သက်သို့ အောက်ထက်ကိုယ်ရေ
အနှံ့နေသော တွက်ရေကိုးသောင်း ကိုးထောင်ပေါင်းဟု မွေးညင်းအစုတို့သည်။
၃။ နခါ၊ ဖြူရောင်အဆင်း ငါးကြင်းကြေးနှယ် နှစ်ဆယ်သော လက်သည်း
ခြေသည်းတို့သည်။
၎။ ဒန္တာ၊ အလယ်လေးစုံ ဗူးစေ့ပုံသို့ ပန်းငုံတို့ဖြင့် ထို့ပြင်ယာဉ်ထောက်ခွ
ဒွေတြဖျားဖြစ် လေးမြစ်လေးဖျား နှစ်ပါးစီပေါင်း နှစ်ချောင်းစွန်းကယ် သုံးဆယ်သော သွားအစုတို့သည်။
၅။ တစော၊ ကိုယ်လုံးပတ်ခြုံ ကိုယ်ပုံဟန်တူ အဆင်းဖြူသော အရေထူအစုသည်။
၆။ မံသံ၊ အဆင်းနီရင့် ကသစ်ပွင့်ဟန် သဏ္ဍာန်ထွေလာ ကိုးရာသော
အသားအစုတို့သည်။
၇။ နှာရု၊ အဆင်းဖြူစွာ လည်ဂီဝါမှ ၀ဲယာရှေ့နောက် ရှေ့နောက်ခြေလက်
ငါးစီသက်၍ တွယ်ခက်ရစ်ရုံ ခတ္တာငုံလို ကိုယ်ကိုဆောင်တွယ် ခြေဆယ်ကြောမ စသည်များစွာ ကွန်ရက်ဖြာသို့
ကိုးရာသော အကြောအစုသည်။
၈။ အဋ္ဌိ၊ အဆင်းဖြူစွာ နှာနှလုံးဦး နဖူးတပါး မျက်နှာမေးရိုး
ညှပ်ရိုးပခုံး လက်ရုံးပေါင်ခါး ဒူးအားခြေနောက် ရောက်သည့်နှစ်ချက် ဖမျက်မြင်းခေါင်း
မောင်းဖျားလေးမည် လည်ခုနစ်ရိုး ခေါင်းခွံကိုးတည်း ရင်ရိုးစုဒ္ဒသ် ဌာရသ်ကျောက်မှန် နံနှစ်ဆယ့်လေး
ခြောက်ဆယ်လေးတွေ လက်ခြေရိုးနု သုံးရာသော အရိုးအစုသည်။
၉။ အဋ္ဌိမိဉ္ဇံ၊ ဖြူရောင်အဆင်း ၀ါးဆစ်တွင်း၌ မီးသင်းပျောင်းညံ့
ကြိမ်ညွန့်တူပြီ ခြင်ဆီအစုသည်။
၁၀။ ၀က္ကံ၊ ကသစ်စေ့နှယ် စဉ်းငယ်နီမှု တန္တုတညှာ နှစ်မြွာသရက်
လည်မှထွက်သည် အချက်နှစ်ခု ကြောဖွဲ့ပြုလျက် ၀တ္ထုပတ်လည် ရံ၍တည်သော အညှို့နှစ်ခု ကျောက်ကပ်အစုသည်။
၁၁။ ဟဒယံ၊ ဆင်းရွက်ပဒုံ၊ ကျောပြင်ပုံတည်း ကြာငုံအောင်ရှု ဉာဏ်ရှိသူဝယ် စဉ်းငယ်ပွင့်တုံ စုငုံမန္ဒ အပသန့်ရှင်း
တွင်းသပွတ်အူ နှစ်ဆူဓာတ်မှီ နီသည်ရာဂ ဒေါသမည်းငြား သားဆေးရည်မောဟ တက္ကပဲရည် ၀ါသည်သဒ္ဓါ
ပညာပြိုးပြက် ဇောတမျက်သွင် ဖြူစင်လွန်ကဲ လက်ဆွန့်ခွဲမျှ လောဟိတသည် ပုန္နာဂဋ္ဌိ တွင်းမှာရှိလတ်
သားမြတ်လက်ဗွေ ရင်မှာနေသော နှလုံးသားသည်။
၁၂။ ယကနံ၊ ကုမုဒြာ ကြာချပ်ကျောက်နှယ် စဉ်းငယ်နီလျက် ကသစ်ရွက်သဏ္ဍာန်
ဥာဏ်မဲ့ကြီးကြီး တခုတည်းသာ ပညာရှိဝယ် နှစ်သုံးငယ်လတ် ထနဗ္ဘန္တရေ ညာမှာနေသော အသည်းအစုသည်။
၁၃။ ကိလောမကံ၊ ဆင်းဘွဲ့ဖြူသို့ နှလုံးညှို့ကို ဖုံးဆို့ကန့်နေ
အရေအသား အကြားမှာတည် နှစ်ခုမည်သော ပဋိစ္ဆန္န အပဋိစ္ဆန္န အမြှေးသည်။
၁၄။ ပိဟကံ၊ ကြောင်ပန်းပွင့်သွင် ညိုရောင်ထင်သော သတ္တဂုင်္လာ
နွားလျှာပုံတု ၀တ္ထုဝဲဘက် သရက်ရွက်ဝမ်းလျာ ဗေသညာတွင်သော အဖျဉ်းအစုသည်။
၁၅။ ပပ္ဖါသံ၊ ရွှမ်းမှည့်သဖန်း နီမြန်းဆင်းဟန် သဏ္ဍာန်စုတ်ပဲ့
မုန့်ယှက်ကဲ့နှုန်း သည်းနှလုံးကို အုပ်ဖုံးတွဲရရွဲ အစာနည်းက ထန်သည်းတေဇာ ပူလောင်လာ၍
သြဇာမကပ် နွားဝါးဖက်နှယ် သုံးဆယ်နှင့်နှစ် အသားတစ်ဟူသော အဆုတ်အစုသည်။
၁၆။ အန္တံ၊ ယောက်ျားဒွတ္တ္က္က္ကိံ မိန်းမဋ္ဌ၀ီ အတောင်ရှည်သား ဖြူသည်အဆင်း
ကတေးအင်းသို့ သွေးကျင်းမှာခွေ ခေါင်းပြတ်မြွေသို့ လည်မျိုဝစ္စ ပဒေသ၀ယ် နှစ်ဆယ့်တတွန့်
လိမ်တွန့်ရစ်နေသော အူမခွေအစုသည်။
၁၇။ ကြာသိမ်မြစ်ဟန် ဆင်းသဏ္ဍာန်နေ အူမခွေကို နေရာတကျ မလျောရအောင်
ဖွဲ့နှောင်လျှိုထိုး ခြေသုတ်ကြိုးဝယ် ကြိုးငယ်အလား အူကြားမှာတည်သော အူသိမ်အူနု အူအစုသည်။
၁၈။ ဥဒရိယံ၊ စားသည့်အစာ သွင်လျာရူပ အူမထက်ဖျား ဆန်ထုပ်လားသို့
ပကားသန့်ရှင်း တွင်းပိန္နဲခွံ ရွံဖွယ်ဘိခြင်း တစီးတွင်းနှယ် သုံးဆယ်နှစ်မျိုး ပိုးတို့နေရာ
အူထုံးမှာဝယ် လျှာရည်တံတွေး သွားမြှေးအာစေး ထိုထိုကြေးကို သိမ်းထွေးပေါင်းစု ထောင်းထုဝါးချေ
မျိုလေဆင်းသက် ဓာတ်မီးချက်၍ ပရပွတ်အူ ကျိုက်ကျိုက်ဆူပွ အမြှုပ်ထကာ ပိုးစာလောင်မီး ကျင်ကြီးကျင်ငယ်
တသွယ်သွေးသား ငါးပါးကွဲလျက် ခွေးစားခွက်ဝယ် ထွေးဟက်စွန့်လတ် ခွေးအန်ဖက်အတု အစာသစ်အစုသည်။
၁၉။ ကရီသံ၊ ယေဘုယျအား အစာလားတည် အလျားရှစ်သစ် ၀ါးကျည်ဆစ်သို့
ချက်မြစ်ကျောင်းကုန်း အူအဆုံး၌ စားသုံးသမျှ မွမွကျေညက် အူခေါင်းသက်၍ လျောလျက်စုနေ
ဖျော့တော့သော မြေညက်အထု အစာဟောင်းအစုသည်။
၂၀။ မတ္ထလုင်္ဂံ၊ ဦးခွံထဲချောင် မှိုခဲလှောင်သို့ ဆင်းရောင်ဖြူစွာ
ဦးချာလေးဆက် လေးပုံဝက်တည့် မုန့်ညက်စိုင်အတု ဦးနှောက်အစုသည်။
၂၁။ ပိတ္တံ၊ ဆုတ်နှလုံးကြား အသည်းနား၌ ထွားထွားကြီးကြီး
သပွတ်သီးနှယ် အအိမ်ဝယ်တည် မည်စည်ဆီကဲ့ အိမ်ဖွဲ့သည်းခြေ စိုလေရာရာ ရေမှာဆီဆမ်း ပမာလွှမ်းသား
ညှိုးနွမ်းပျဉ်းပွင့် ကစော့ပွင့် တောင်ကြာ ပန်းဆင်းဝါသို့ အိမ်မှာမနေ နှစ်ပါးသော ဗဒ္ဓသည်းခြေ
အဗဒ္ဓသည်းခြေအစုသည်။
၂၂။ သေမှံ၊ ၀က်ချေးဘနဲ ပျစ်ချွဲရွက်ရည် ပုံပမည်သို့ ဖြူသည်အဆင်း
တခွက်ခင်းမျှ အူတွင်းစာထက် အနံ့သက်ကို ဆို့လျက်ဖုံးပိတ်သော သလိပ်အစုသည်။
၂၃။ ပုဗ္ဗော၊ ဆူးငြောင့်ခလုတ် အိုင်းမန်းဟုတ်၍ သွေးပုပ်စုပျော်
ရွက်ရော်အဆင်း သူသေတွင်းမူ ထမင်းချိုးရောင် ပုပ်ဟောင်နံညှီသော ပြည်အစုသည်။
၂၄။ လောဟိတံ၊ ချိပ်ရည်အဆင်း တခွက်ခင်းမျှ ရင်တွင်းဆုတ်ညှို့
နှလုံးတို့ထက် တစက်စက်ကျ ယကနအောင်နေ ဤလေးထွေကို စိုစေလျက် စုဝေးသောသွေး ကျဲသောချိပ်ရည်
ပမည်ပိုက်ကျုံး ကိုယ်လုံးနှံ့ရောက် အကြောလျှောက်သော သွေးအားဖြင့် နှပါးသော သန္နစိတ သံသရဏ
သွေးအစုသည်။
၂၅။ သေဒေါ၊ ဓာတ်ဝိပရီ ပူမညီ၍ နှမ်းဆီအဆင်း ဆံမွေးတွင်းမှ
သက်ဆင်းယိုကျသော ချွေးအစုသည်။
၂၆။ မေဒေါ၊ ထက်ခြမ်းခွဲသည့် နနွင်းခဲအတူ ဆူသောသူအား ရေသားကြား၌
ကြုံသူအားမှာ ဆူရာရာမှီသော အဆီခဲအစုသည်။
၂၇။ အဿု၊ မီးခိုဖြူဝင် ရယ်ရွှင်ငိုကြွေး စပ်ပူရေးကြောင့်
ချွေးသို့အဆင်း မျက်စိတွင်းမှ သက်ဆင်းယိုကျသော မျက်ရည်အစုသည်။
၂၈။ ၀သာ၊ သဘောမတူ ရှိန်ပူဆာပြင်း နှိပ်စက်ခြင်းကြောင့်
အဆင်းအုန်းဆီ ရေပေါ်ဆီသဏ္ဍာန် ပြန့်ဟန်မသွေ လက်ခြေနှာစွန်း ပခုံးစွန်းမှီ ဆီကြည်အစုသည်။
၂၉။ ခေဠော၊ ချဉ်ငန်စပ်ခါး မြင်စားကြံမိ စိုစိစက်ဆုပ် နှလုံးလှုပ်၍
ရေမြှုပ်မယွင်း ပါးမှဆင်းလျက် လျှာရင်းပျစ်ချွဲ လျှာဖျားကျဲသည် လျှာ၌တည်သော တံတွေးသည်။
၃၀။ သိင်္ဃာဏိကာ၊ ငိုယိုသောက်စား ဓာတ်ချောက်ချား၍ ဖောက်ထားသိမ်းအုပ်
ကြာရွက်ထုပ်မှ နို့ဓမ်းကျသို့ နုလှထန်းဆန် ဆင်းဟန်မယုတ် သလိပ်ပုပ်အဖြစ် စင်စစ်ဖြစ်မြောက်
ဦးနှောက်ရည်လျှင်း ဦးခေါင်းတွင်းမှ သက်ဆင်းအာစောက် အထက်ပေါက်ဖြင့် လျှောလျှောက်နှာဖု
တည်ယိုသော နှပ်အစုသည်။
၃၁။ လသိကာ၊ မဟာလှေကား စေးလားသဖွယ် ရာရှစ်ဆယ်ဆက် အရိုးဆက်၌
ဆွတ်လျက်တည်နှဲ ပျစ်၍ချွဲသော အစေးပုပ်သည်။
မှတ်ချက်။ ၃၂-ကောဋ္ဌာသအဖွင့် အဓိပ္ပာယ်အကျယ်ကို ပြည်သာယာဆရာတော် ရေးသည့် "ခန္ဓာရှုမြင် တရားခွင်" ကျမ်းတွင် အကျယ်ဖတ်ရှုနိုင်ပါသည်။
Ref: ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ပရမတ္ထသရှုပဘေဒနီကျမ်း(မဟာဝိသုဒ္ဓါရုံဆရာတော်)၊ သပ္ပုရိသသေ၀နကျမ်း(အရှင်ဧသိကာဘိဝံသ)၊ စတုဘူမိက၀တ်ရွတ်စဉ်(နဂါးပရိယတ္တိစာသင်တိုက်)။