သံယောဇဉ် ၁၀-ပါးတို့တွင့် သက္ကာယဒိဋ္ဌိ၊ သီလဗ္ဗတပရာမာသ၊ ၀ိစိကိစ္ဆာအားဖြင့် ၃-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
ကာမရာဂ၊ ပဋိဃ အားဖြင့် ၂-ပါးကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အ၀ိဇ္ဇာ အားဖြင့် ၅-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
ကိလေသာ ၁၀-ပါးတို့တွင် ဒိဋ္ဌိ ၀ိစိကိစ္ဆာအားဖြင့် ၂-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
ဒေါသ ၁-ပါးကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
လောဘ မောဟ မာန ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပအားဖြင့် ၇-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
မိစ္ဆတ္တ ၁၅-ပါးတို့တွင် မိစ္ဆာဒိဋ္ဌိ ပါဏာတိပါတ အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ မုသာဝါဒ မိစ္ဆာအာဇီဝအားဖြင့် ၆-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
မိစ္ဆာသင်္ကပ္ပ ပိသုဏ၀ါစာ ဖရုသ၀ါစာအားဖြင့် ၃-ပါးကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
သပ္ဖပ္ပလာပ မိစ္ဆာဝါယာမ မိစ္ဆာသတိ မိစ္ဆာသမာဓိ မိစ္ဆာဝိမုတ္တိ မိစ္ဆာဉာဏအားဖြင့် ၆-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
လောကဓမ် ၈-ပါးတို့တွင် သောတာပတ္တိမဂ်ဖြင့်ပယ်သော လောကဓမ်မရှိ။ အလာဘ အယသ ဒုက္ခ နိန္ဒအားဖြင့် ၄-ပါးကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
လာဘ ယသ သုခ ပသံသအားဖြင့် ၄-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
မစ္ဆရိယ ၅-ပါးတို့တွင် အာဝါသ ကုလ လာဘ ဓမ္မ ၀ဏ္ဏအားဖြင့် ၅-ပါးကို သောတာတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
ဝိပလ္လာသ ၁၂-ပါးတို့တွင် အနိစ္စကို နိစ္စ အနတ္တကို အတ္တဟူသော သညာဝိပလ္လာသ-စိတ္တ၀ိပလ္လာသ-ဒိဋ္ဌိဝိပလ္လာသ၊အာဖြင့် ၆-ပါး၊ ဒုက္ခကို သုခ အသုဘကို သုဘဟူသော ဒိဋ္ဌိဝိပလ္လာသအားဖြင့် ၂-ပါး စုစုပေါင်း ၈-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
အသုဘကို သုဘဟူသော သညာဝိပလ္လာသ-စိတ္တ၀ိပလ္လာသအားဖြင့် ၂-ပါးကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
ဒုက္ခကို သုခဟူသော သညာဝိပလ္လာသ-စိတ္တ၀ိပလ္လာသအားဖြင့် ၂-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
ဂန္ထ ၄-ပါးတို့တွင် သီလဗ္ဗတပရာမာသ ဣဒံသစ္စာဘိနိဝေသအားဖြင့် ၂-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
ဗျာပါဒကာယဂန္ထ ၁-ပါးကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
အဘိဇ္ဈာကာယဂန္ထ ၁-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
အဂတိ ၄-ပါးတို့တွင် ဆန္ဒ ဒေါသ မောဟ ဘယအားဖြင့် ၄-ပါးကို သောတာပတ္တိမဂ်ဖြင့် အကြွင်းမဲ့ပယ်၏။
အာသ၀-သြဃ-ယောဂ ၄-ပါးတို့တွင် ဒိဋ္ဌာသ၀-ဒိဋ္ဌောဃ-ဒိဋ္ဌိယောဂ ကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
ကာမာသ၀-ကာမောဃ-ကာမယောဂကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
ဘ၀ါသ၀-ဘဝေါဃ-ဘ၀ယောဂ၊ အ၀ိဇ္ဇာသ၀-အ၀ိဇ္ဇောဃ-အ၀ိဇ္ဖာယောဂအားဖြင့် ၂-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
နီဝရဏ တို့တွင် ၀ိစိကိစ္ဆာ သြဠာရိက-ကုက္ကုစ္စတို့ကို သောတပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
ကာမစ္ဆန္ဒ ဗျာပါဒ အန၀သေသ-ကုက္ကုစ္စုတို့ကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
ထိန မိဒ္ဓ ဥဒ္ဒစ္စ အ၀ိဇ္ဖာတို့ကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
ဒိဋ္ဌိပရာမာသ ၁-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
ဥပါဒါန် ၄-ပါးတို့တွင် သီလဗ္ဗတုပါဒါန် ဒိဋ္ဌုပါဒါန် အတ္တ၀ါဒုပါဒါန်အားဖြင့် ၃-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။ ကာမုပါဒါန် ၁-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
အနုသယ ၇-ပါးတို့တွင် ဒိဋ္ဌာနုသယ ၀ိစိကိစ္ဆာနုသယအားဖြင့် ၂-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။ ကာမရာဂါနုသယ ပဋိဃာနုသယအားဖြင့် ၂-ပါးကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
မာနာနုသယ ဘ၀ရာဂါနုသယ အ၀ိဇ္ဇာနုသယအားဖြင့် ၃-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
မလ ၃-ပါးတို့တွင် ဒေါသ ၁-ပါးကို အနာဂါမိမဂ်သည် အကြွင်းမဲ့ပယ်၏။ လောဘ မောဟအားဖြင့် ၂-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်။
အကုသလကမ္မပထ ၁၀-ပါးတို့တွင် ပါဏာတိပါတ အဒိန္နာဒါန ကာမေသုမိစ္ဆာရ မုသာဝါဒ မိစ္ဆာဒိဋ္ဌိအားဖြင့် ၅-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။
ပိသုဏ၀ါစာ ဖရုသ၀ါစာ ဗျာပါဒအားဖြင့် ၃-ပါးကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
သမ္ဖပ္ပလာပ၀ါစာ အဘိဇ္ဈာအားဖြင့် ၂-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
အကုသိုလ်စိတ္တုပ္ပဒ် ၁၂-ပါးတို့တွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၊ ၀ိစိကိစ္ဆာ ၁-ပါးအားဖြင့် စုစုပေါင်း ၅-ပါးကို သောတာပတ္တိမဂ်သည် အကြွင်းမဲ့ပယ်၏။ ဒေါသမူစိတ် ၂-ပါးကို သောတာပတ္တိမဂ်သည် အပါယ်သို့လားကြောင်း (တနုကရ) အားဖြင့်ပယ်၍၊ သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော(သြဠာရိက) အားဖြင့်ပယ်၏၊ အနာဂါမိမဂ်သည်ကား အကြွင်းမဲ့ပယ်၏။
ဒိဋ္ဌိဂတ၀ိပ္ပယုတ်စိတ် ၄-ပါး၊ ဥဒ္ဓစ္စ ၁-ပါးအားဖြင့် စုစုပေါင်း ၅-ပါးကို အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်၏။
စိတ်ညစ်မဲကြောင်း ဥပက္ကိလေသတရာ ၁၆-ပါး
သူ့ပစ္စည်းကို၊ ရလို အဘိဇ္ဈာ၊
အလိုကြီးက၊ ၀ိသမလောဘာ၊
အကျိုးဖျက်လို၊ ခေါ်ဆို ဗျာပါ၊
စိတ်ဆိုးက ကောဓ မှတ်လေပါ။
ရန်ငြိုးဖွဲ့က၊ ဥပနာဟာ၊
ကျေးဇူးဖျက်က၊ မက္ခမှတ်ပါ၊
ဂုဏ်ရည်ယှဉ်တု၊ ပြိုင်မှု ပဠာသာ၊
မနာလို၊ ခေါ်ဆို ကြီးဣဿာ၊
နှမြောလေဘိ၊ မစ္ဆရိယာ၊
မိမိပြစ်များ၊ ဖုံးထား မာယာ၊
ဂုဏ်မရှိပြန်၊ ရှိဟန်ဆောင်ကာ၊
ထုတ်ဖော်က၊ မှတ်ကြ သာဌေယျာ။
မာန်ခက်ထန်က၊ ထမ္ဘ မှန်စွာ၊
သူ့ထက်ကဲပို၊ ပြုလို သာရမ္ဘာ၊
ထောင်လွှား မာန၊ ယစ်က မဒါ၊
ထောင်လွန်းဘိ၊ အတိမာန သာ၊
ကုသိုလ်များ၊ မေ့ငြား ပမာဒါ။
စိတ်မဲများကို အမြစ်ပြတ်ရှင်းပုံ
သောတာပတ္တိ၊ မဂ်၏ ပယ်ရာ၊
ဣဿာ မစ္ဆရိ၊ ထည့်ဘိ မာယာ၊
သာဌေ ပဠာသ၊ မက္ခ ခြောက်ဖြာ၊
မြစ်ပြတ်ရှင်း၊ ပယ်ခြင်း ပဌမာ။
အနာဂါမိ၊ မဂ်၏ ပယ်ရာ၊
ဗျာပါ ကောဓ၊ ဥပနာဟာ၊
ပမာဒ ဟု၊ လေးခုမှန်စွာ၊
မြစ်ပြတ်ရှင်း၊ ပယ်ခြင်း တတိယာ။
အရဟတ္တမဂ်၊ ပယ်ဖျက်သည်မှာ၊
အဘိဇ္ဈာ လောဘ၊ ထမ္ဘ သာရမ္ဘာ၊
ဖြစ်ပြတ်ရှင်း ပယ်ခြင်း စတုတ္ထာ။
Ref: ဓမ္မသင်္ဂဏီပါဠိတော်၊ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာနှင့်
သြကာသဒီပနီကျမ်း၊ ဒွတ္တိံသာလောကဒီပနီကျမ်း၊ အဘိဓမ္မာသင်တန်းကျမ်း။