၁။ နာမရှုပ-ပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ဤဉာဏ် ၂-ပါးသည် ရုပ်ခန္ဓာ နာမ်ခန္ဓာ အကြောင်း အကျိုး ပိုင်းခြား၍ သိအပ်သောကြောင့် ဉာတပရိညာ။
၂။ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် ဤဉာဏ် ၂-ပါးသည် လက္ခဏာရေး ၃-ပါး အလွန်ထင်ရှားသောကြောင့် တီရဏပရိညာ။
၃။ ဘင်္ဂဉာဏ် ဘယဉာဏ် အာဒီန၀ဉာဏ် နိဗ္ဗိဒါဉာဏ် မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် ဤဉာဏ် ၈-ပါးသည် ကိလေသာ စသည်တို့ကို ပယ်ခြင်း ကြဉ်ခြင်း ခေါင်းပါးစေခြင်း သဘောရှိသောကြောင့် ပဟာနပရိညာ။
နာမရူပ-ပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် သိရင် ဉာတပရိညာဖြစ်တယ်၊ ၎င်းသိရင် ယထာဘူတဉာဏ်။
ဉာတပရိညာ၊ တီရဏပရိညာ ၂-ပါးဖြင့် ကောင်းစွာကျိုးစားပြီးတော့ သုံးသပ်နိုင်ရင် ပဟနပရိညာခေါ်တဲ့ အနုလောမဉာဏ်ရဲ့ နောက်နားက ဂေါတြဘူဉာဏ် ဆိုတာ ဖြစ်တယ်၊ အနုလောမဉာဏ်ရောက်ပြီးမှ ပြန်၊ ပြန်ဆင်းသွားနိုင်ပါတယ်၊
ဥပမာ အရှင်နုရုဒ္ဓါမထေရ် ငါ အဘိညာဉ်ရပဲ ဆိုပြီးတော့ မာနအားကိုးပြီးတော့ အားထုတ်တာ အနုလောမဉာဏ်ရောက်ပြီးမှ ပြန်၊ ပြန်ဆင်းနေရတယ်။ အဲဒီလိုဖြစ်တော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ထံ လျှောက်ထားတော့ အရှင်မြတ်ကြီးက ငါ့ရှင်နုရုဒ္ဓါ သင့်ရဲ့ အဘိညာဉ်တန်ခိုး အမှီပြုပြီး စိတ်တွေက ထောင်လွှားနေတယ်၊ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး မာနတက်နေတယ်၊ ဒါကြောင့် အဘိညာဉ်ကို ဖယ်ထားပြီးတော့ အဘိညာဉ်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုတာတခြားစီ၊ စိတ်ကလေးထားပါလို့ ဆုံးမသြ၀ါဒပေးမှ အနုလောမဉာဏ်လွန်မြောက်သွားတယ်။
ဝိပဿနာဉာဏ် ၁၀-ပါးတို့တွင် သင်္ခါရုပေက္ခာဉာဏ်(နေသာထိုင်သာရှိသောဉာဏ်)၏ နောက်ဆုံးပိုင်းနှင့် အနုလောမဉာဏ်တို့သည် ၀ုဋ္ဌာနဂါမိနီဝိပဿနာ။
အပါယ်စသည်မှ၎င်း၊ သင်္ခါရဟူသော အာရုံနိမိတ်မှ၎င်း ထတက်သော မဂ်သို့ရောက်တတ်သော၊ ရောက်ကြောင်းဖြစ်သော ၀ိပဿနာသည် ၀ုဋ္ဌာနဂါမိနီဝိပဿနာ။
အနုလောမဉာဏ် (ပရိကံ ဥပစာ အနုလုံ)သည် သင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ ၃-ပါးတို့တွင် တပါးပါးကို အာရုံပြုသည်။ ဂေါတြဘူသည် နိဗ္ဗာန်ကို အာရုံပြုသည်။
Ref: ဒွတ္တိံသာလောကဒီပနီကျမ်း(နံယောဆရာတော်)။ ၀ိဇယသုတ္တန်ကျမ်း(သီတဂူဆရာတော်)။ သင်္ဂြိုဟ်ရှင်းတမ်းကျမ်း( အရှင်မုနိန္ဒာဘိဝံသ)။