စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

ကဏှကံ ဒုစရိုက် ၁၀ပါး၊ အပြား ၂၀၊ ( အပုညာဘိသင်္ခါရ )

၁။ ပါဏာတိပါတာ၊ အသက်ရှိသော သတ္တ၀ါကိုသတ်ခြင်း။
၂။ အဒိန္နာဒါနာ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတပါးဥစ္စာကိုယူခြင်း။
၃။ အကာလမိစ္ဆာ၊ ရောဂါ ကိုယ်ဝန်ရှိ၍ မပြုသင့်သောအခါ၌ သွားလာခြင်း။
၎။ အဒေသမိစ္ဆာ၊ မိဘဆရာ သူတကာတို့မြင်သာသော အရပ်၌ သွားလာခြင်း။
၅။ အနင်္ဂမိစ္ဆာ၊ ဆေးဝါးမှီဝဲ ရှိမြဲ အင်္ဂါထက် လွန်သဖြင့် သွားလာခြင်း။
၆ အဓမ္မမိစ္ဆာ၊ တိရစ္ဆာန်တို့ကဲ့သို့ မိမိမယား သဘောမတူသောအခါ၌ သွားလာခြင်း။

၇။ မုသာဝါဒ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း။
၈၊ ပိသုဏ၀ါစာ၊ သူနှစ်ဦးတို့ကြား ကွဲပြားအောင် ချောပြစ်ကုန်းတိုက်ခြင်း။
၉။ ဖရုသ၀ါစာ၊ ကြမ်းတမ်းယုတ်မာသော စကားကိုပြောဆိုခြင်း။
၁၀။ သမ္ဖပ္ပလာပ၀ါစာ၊ အနှစ်မရှိ ပိန်ဖျင်းသော စကားကိုပြောဆိုခြင်း။

၁၁။ အဘိဇ္ဈာ၊ သူ့စည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်ပါစေဟု လောဘရှေးရှု ကြံစည်ခြင်း။
၁၂။ ဗျာပါဒ၊ ရန်ငြိုးဖွဲ့ခြင်း။
၁၃။ မိစ္ဆာဒိဋ္ဌိ၊ မှားသော အယူကို ယူခြင်း။
၁၄။ မိစ္ဆာသင်္ကပ္ပ၊ မှားသော အကြံကို ကြံခြင်း။
၁၅။ မိစ္ဆာဝါစာ၊ မှားသော စကားကို ပြောခြင်း။
၁၆။ မိစ္ဆာကမ္မန္တ၊ မှားသော အမှုကို ပြုခြင်း။
၁၇။ မိစ္ဆာအာဇီဝ၊ မှားသော အသက် မွေးခြင်း။
၁၈။ မိစ္ဆာဝါယမ၊ မှားသော လုံ့လ ပြုခြင်း။
၁၉။ မိစ္ဆာသတိ၊ မှားသော သတိ ပြုခြင်း။
၂၀။ မိစ္ဆာသမာဓိ၊ မှားသော တည်ကြည်ခြင်း။

       [ မှတ်ချက်။ ။ ၎င်း ဒုစရိုက်ဆယ်ပါး၊ အပြား နှစ်ဆယ်တို့သည် မည်းညစ်သော သဘောရှိ၍ မည်းညစ်သော အကျိုးကို ဖြစ်စေတတ်သောကြောင့် ကဏှကံ လည်းမည်ပြီး၊ အပါယ်ဘုံသို့လည်း ရောက်စေတတ် ပို့စေတတ်၏။ ]

နိယံ - - - - -
မေး။ ။ အပါယ်လားဘွယ်၊ ကြွေးနှစ်ဆယ်၊ ဘယ့်နှယ်ကြံ၍ ဆပ်မည်မင်း။
ဖြေ။ ။ ၀ိရတီသုံးသွယ်၊ ရှောင်ကြဉ်ဖယ်၊ ဤနှယ်ကြံ၍ ဆပ်မည်မင်း။

Ref: ပဋိပတ္တိပကာသနီကျမ်း၊ ဇရပ်ကုန်း ဆရာတော်။ ( ၁၂၉၆ - ခုနှစ် )