စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှင့် ပထမဆရာတော်ဘုရားကြီး
᠌᠌᠌(၁) ၁၈၃၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ရွှေဘိုမြို့၌ ဖွားမြင်သည်။
(၂) အသက် ၁၃ နှစ်တွင် ရှင်သာမဏေပြုတော်မူ၍ အသက် ၂၀ အရွယ်တွင် ရဟန်းဖြစ်တော်မူသည်။
(၃) သင်္ဂဇာဆရာတော်၏ ပထမစာတော်ချ တပည့်ဖြစ်သည်။
(၄) မင်းတုန်းမင်းကြီးမှ ပညာဒီပ ကဝိဓဇ ဒိသာပါမောက္ခ တိပိဋကာလင်္ကာရ
᠌᠌᠌ဘွဲ့တံဆိပ်တော် ဆက်ကပ်သည်။
(၅) ရဟန်း ၁၆ ဝါအရ စစ်ကိုင်းမင်းဝံတောင် ငှက်တွင်းချောင်၌ တောရဆောက်တည်ရာမှ ငှက်တွင်းဆရာတော် ဟုထင်ရှားသည်။
(၆) သီပေါမင်း ပါတော်မူပြီးနောက် ကွမ်းခြံကုန်းမြို့ကို ဗဟိုပြုကာ သာသနာပြုသည်။
(၇) တပည့်သာဝကများအား အာဇီဝဋ္ဌမကသီလကို စောင့်ထိန်းစေသည်။
(၈) တေဘုမ္မိကဘုံသုံးပါးမှလွတ်မြောက်ရာ လောကုတ္တရာစတုဘုမ္မိကတရားကို အလေးထားဟောပြောသောကြောင့် စတုဘုမ္မိက᠌᠌᠌ ဟုအမည်ရသည်။
(၉) မဟာသတိပဋ္ဌာန်တရားကို အလေးထား ကျင်ကြံဟောပြောသောကြောင့် သတိပဌာန်အစ ငှက်တွင်းက ဟုဆိုရိုးပြု ကြသည်။
(၁၀) ၁၈၈၉ ခုနှစ်တွင် စတုဘုမ္မိကမဟာသတိပဋ္ဌာန်ငှက်တွင်းဂိုဏ်း ကိုစတင်တည်ထောင်ခဲ့သည်။
(၁၁) ၁၉၁၀ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ သက်တော် ၇၉ နှစ်၊ သိက္ခာ ၅၉ ဝါတွင် သထုံမြို့ ရွှေစာရံဘုရားဝင်းအတွင်း အုတ်ကျောင်း၌ ဘဝခန္ဓာချုပ်ငြိမ်းသည်။
(၁၂) ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်မှာ ၆ လ ကြာထားသော်လည်း မပုပ်မသိုး ပကတိ ကျိန်းစက်သကဲ့သို့ရှိသည်။
(၁၃) ဆရာတော်ကြီး၏ တပည့်သာဝကအပေါင်းက ရွှေစာရံဘုရားအနီး ပါရမီမင်္ဂလာ လောကုတ္တရာစတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်)ကျောင်း၌ ဂူဗိမာန်သွင်းကာ ပူဇော်ထားသည်။
(၁၄) ယခုအခါ ထိုဗိမာန်တော်ကို ပါရမီကုသိုလ်ရှင်အပေါင်းမှ ပြန်လည်ပြုပြင် တည်ဆောက်နေသည်။ ။