(၁) ၃၂-ကောဋ္ဌာသဘာဝနာကမ္မဋ္ဌာန်းကို အနုလုံ အဖန်ဖန် ပွားများခြင်းသည် အနုလောမပညာ။
(၂) ၃၂-ကောဋ္ဌာသဘာဝနာကမ္မဋ္ဌာန်းကို ပဋိလုံ အဖန်ဖန် ပွားများခြင်းသည် ပဋိလောမပညာ။
(၃) ၃၂-ကောဋ္ဌာသဘာဝနာကမ္မဋ္ဌာန်းကို အနုလုံ-ပဋိလုံ အဖန်ဖန် ပွားများခြင်းသည် ပရိကမ္မနိမိတ်-ပရိကမ္မဘာဝနာ။
(ကောဋ္ဌာသအစဉ်ကို ခြေချောင်း-လက်ချောင်း အစဉ်ကဲ့သို့ ထင်မြင်ခြင်းသည် ပရိကမ္မနိမိတ်၊ ထိုပရိကမ္မနိမိတ်ကို အခြေပြု၍ ကောဋ္ဌာသ အစု၌ဖြစ်စေ၊ တခု၌ဖြစ်စေ အဆင်း-သဏ္ဌာန်-အရပ်-တည်ရာ-အပိုင်းအခြား ဤ ၅-ပါးကို မြင်သောအခါ ဥဂ္ဂဟနိမိတ်။
ကောဋ္ဌာသတိုင်း၌သော၎င်း၊ တခုသော ကောဋ္ဌာသ အစု၌သော်၎င်း၊ ထို ၅-ပါးကို ရွံရှာဖွယ် စက်ဆုပ်ဖွယ်ဟု အဖန်ဖန်ရှုကြည့်ထင်မြင်နေခြင်းသည် ပဋိဘာဂနိမိတ်။
ထို နိမိတ်သုံးပါး ထင်မြင်ပေါက်ရောက်လာသောအခါ နီဝရဏ ၅-ပါး ငြိမ်ဝပ်ပိပြား၍ အစဉ်အားဖြင့် အပ္ပနာဈာန်သို့ ပေါက်ရောက်မှု)သည် ဈာနာနုလောမပညာ။
(၄) မဟာဗောဓိပညာသုံးဆင့် ပေါက်ရောက်၍ ကောဋ္ဌာသအစဉ်ကို ကသိုဏ်းကွက်ကဲ့သို့ ထင်မြင်လာသောအခါ ကသိဏာနုလောမပညာ။
(၅) ထိုကသိဏာနုလောမပညာ ကသိုဏ်းကွက်ကဲ့သို့ ထင်လာသော ကောဋ္ဌာသတို့တွင် အမြင့်ဆုံးသော ကောဋ္ဌာသ၌ နာမပညတ်အမည်၊သဏ္ဌာနပညတ်ပုသဏ္ဌာန်ကိုလွန်မြောက်အောင်ပွားများ၍ အလုံးစုံသော ရုပ်နာမ်ဓမ္မ၊ ကောဋ္ဌာသတို့ကို ဤသည်ကားရုပ်၊ ဤသည်ကား ကြံတတ်သိတတ်သောကြောင့် နာမ်ဟူ၍ နှစ်တန်ပိုင်းခြား၍သိမြင်မှုသည် နာမရှုပ-ပရိစ္ဆေဒဉာဏ်။
ထိုနာမရှုပ-ပရိစ္ဆေဒဉာဏ် အမြင်သန်လာသောအခါ-
(က) ရုပ်(ကောဋ္ဌာသအများ ရုပ်တရား)၌ ငါမရှိ၊ ငါ၌ ရုပ်မရှိ၊ ရုပ်ကို ငါမခေါ်၊ ငါကို ရုပ်မခေါ်၊ ဤသို့ ၄-ပါး။ (ခ) ခံစားမှုဝေဒနာ၌ ငါမရှိ၊ ငါ၌ ခံစားမှုဝေဒနာမရှိ၊ ခံစားမှု-ဝေဒနာကို ငါမခေါ်၊ ငါကို ခံစားမှု-ဝေဒနာမခေါ်၊ ဤသို့ ၄-ပါး။ (ဂ) မှတ်သားမှု-သညာ၌ ငါမရှိ၊ ငါ၌ မှတ်သားမှု-သညာမရှိ၊ မှတ်သားမှု-သညာကို ငါမခေါ်၊ ငါကို မှတ်သားမှု-သညာမခေါ်၊ ဤသို့ ၄-ပါး။ (ဃ) ပြုပြင်မှု-သင်္ခါရ၌ ငါမရှိ၊ ငါ၌ ပြုပြင်မှု-သင်္ခါရမရှိ၊ ပြုပြင်မှု-သင်္ခါရကို ငါမခေါ်၊ ငါကို ပြုပြင်မှု-သင်္ခါရမခေါ်၊ ဤသို့ ၄-ပါး။ (င) သိမှု-၀ိညာဏ်၌ ငါမရှိ၊ ငါ၌ သိမှု-၀ိညာဏ်မရှိ၊ သိမှု-၀ိညာဏ်ကို ငါမခေါ်၊ ငါကို သိမှု-၀ိညာဏ်မခေါ်၊ ဤသို့ ၄-ပါးအားဖြင့် ခန္ဓာငါးပါး ရုပ်-နာမ်တရားတို့၌ ဒိဋ္ဌိ (သက္ကာယဒိဋ္ဌိ)၂၀-ကွာဆဲကင်းဆဲဖြစ်သည်။
ထင်ရှားဖြစ်ပျက်သော ခန္ဓာကာယ၌ အမြင်မှား ဒိဋ္ဌိ ၂၀-ကွာပြီးသော် ထိုခန္ဓာကာယ၊ ရုပ်နာမ်ဓမ္မတို့သည် အ၀ိဇ္ဇာ တဏှာ ကံ စိတ် ဥတု အာဟာရနှင့် မြင်တတ်-မြင်အပ်စသော အကြောင်းများကြောင့် ငါသူတပါး၊ ယောက်ျားမိန်းမ အထင်မှားအောင် ထင်ရှားဖြစ်ပေါ်၍ နေပါတကားဟု အကြောင်းတရားကို သိမ်းဆည်းသော ဉာဏ်သည် ပစ္စယ-ပရိဂ္ဂဟဉာဏ်။
ကောဋ္ဌာသ အစားအစား ရုပ်တရားနှင့် သိမှုကျယ်ပွား နာမ်တရားတို့၌ ကုန်ခန်းတတ်သောကြောင့် အနိစ္စ၊
နှိပ်စက်တတ်သောကြောင့် ဒုက္ခ၊ အစိုးမရသောကြောင့် အနတ္တဟု သုံးသပ်ဆင်ခြင် အမှန်မြင်နေခြင်းသည် သမ္မသနဉာဏ်။
ကောဋ္ဌာသအစားအစား ရုပ်တရားနှင့် သိမှုအစားစား နာမ်တရားတို့သည် ဖြစ်ပြီးသည့်နောက် ပျက်ခြင်းသို့ ရောက်၏။ဖြစ်-ပျက် နှစ်တန်အမှန်မြင် နေခြင်းသည် ဥဒယဗ္ဗယဉာဏ်။
ရုပ်ဓာတ်လေးပါး ကောဋ္ဌာသအစားစား၊ နာမ်ဓာတ်လေးပါး စိတ်တရားတို့သည် အဖြစ်ကနဲ အပျက်ကသဲသည် ဟု အပျက်ကိုသာလျှင် အမှန်မြင်နေခြင်းသည် ဘင်္ဂဉာဏ်။
ပျက်မှုလွန်ကဲ၍ ပျက်မှုသာတည်နားနေသော ရုပ်တရားနာမ်တရားတို့သည် ကြောက်ဖွယ်လိလိ
ဘေးမျိုးစုံရှိသည်ဟုအသိမှန်ဖြင့် အတန်တန်ရှုနေမှုသည် ဘယဉာဏ်။
ကြောက်ဖွယ်လိလိ ဘေးမျိုးစုံရှိတဲ့ ရုပ်နာမ်နှစ်ပါးတို့သည် အပြစ်တွေအနန္တ ရေတွက်၍ မပြနိုင်အောင် ပေါများလှသည်ကိုပင် အမှန်မြင်သိ၍ နေခြင်းသည် အာဒီန၀ဉာဏ်။
အပြစ်တွေများ ရုပ်နာမ်နှစ်ပါးတို့က အားထားခြင်းကင်း ငြီးငွေ့ခြင်းသာ အခါခါဖြစ်ပေါ် သိမြင်နေမှုသည် နိဗ္ဗိန္ဒဉာဏ်။
ဝဋ်ဘုံဓလေ့ မပျော်မွေ့နိုင်ဘဲ ငြီးငွေ့ခြင်း အစားစားရုပ်နာမ်တရားတို့မှ လွတ်အောင်၊ ကျွတ်အောင် လွတ်ချင်နေမှု အမှန်ရှုနေခြင်းသည် မုဉ္စိတုကမျတာဉာဏ်။
လွတ်ချင်ကျွတ်ချင်သည့်အတွက် ရုပ်နာမ်တွေ ပေါ်ထွက်တိုင်း ပေါ်ထွက်တိုင်း အချိန်မလပ် တဖန်ထပ်၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သုံးသပ် ဆင်ခြင်နေမှုသည် ပဋိသင်္ခါဉာဏ်။
ရုပ်-နာမ် အစားစား အကျိုးတရားတို့ကို ကျယ်ပွားအောင် ပြုပြင်စီရင်တတ်သော အကြောင်းတရားသုံးပါး၊ အကျိုးသင်္ခါရတရား၊အကြောင်း-အကျိုးသင်္ခါရတရားတို့ကို မချစ်မမှန်း လျစ်လျူသုံး၍ လုံးလုံးပယ်ခွါ အနိစ္စသာ၊ ဒုက္ခသာ၊ အနတ္တသာဟု အခါခါရှု၍နေခြင်းသည် သင်္ခါရုပေက္ခာဉာဏ်။
သင်္ခါရအစုကို အနိစ္စဟု၊ ဒုက္ခဟု၊ အနတ္တဟု အထပ်ထပ်ရှုဖန်များသဖြင့် (အောက်၌ဖြစ်သော ၀ိဿနာဉာဏ် ၉-ပါးတို့အား၎င်း၊အထက်၌၃၇ပါးသောဗောဓိပက္ခိယတရားတို့နှင့်လျော်သောမဂ်ဖြစ်နေခြင်းသည်) ဗောဓိပက္ခိယတရား
မဂ်ဖိုလ်ဉာဏ်အားလျော်စွာ မလိုချင်သော အလေဘ၊ မခက်ထန်သော အဒေါသ၊ မတွေဝေသော အမောဟ သုံးဌာနတည်နား ကြီးမားသောဉာဏ် အမြင်သန်နေမှုသည် အနုလောမဉာဏ် အားဖြင့် အနုလောမခန္တီပညာ။
(၆) အလောဘကြောင့် ရာဂက္ခယနိဗ္ဗာန်၊ အဒေါသကြောင့် ဒေါသက္ခယနိဗ္ဗာန်၊ အမောဟကြောင့် မောဟက္ခယနိဗ္ဗာန်
သန်သန်ကြီးမြင်၍ ပုထုဇဉ်စရိုက် ပုထုဇဉ်လိုက်စားတဲ့ ဒုစရိုက်တရားတို့ကို ပယ်ရှားရှောင်ကြဉ်ပြီး သုစရိုက်အစားစား သိက္ခာတင်ထားခြင်းသည် ဂေါတြဘူပညာ။
သောတာပတ္တိမဂ္ဂ ၀ီထိကျပုံ
ဘ "န ဒ မ ပ ဥ နု ဂေါ မ ဖ ဖ" ဘ (မန္ဒပညပုဂ္ဂိုလ်)
ဘ "န ဒ မ ဥ နု ဂေါ မ ဖ ဖ ဖ" ဘ (တိက္ခပညပုဂ္ဂိုလ်)
တိဟိတ်ကာမဘ၀င်
ဘ၀င်္ဂစလန-ဘ၀င်လှုပ်ခြင်း
ဘ၀ဂုင်္ပစ္ဆေဒ-ဘ၀င်ပြတ်ခြင်း
မနောဒွါရာဝဇ္ဇန်း-အာရုံကိုဆင်ခြင်း
ပရိကံ-မဂ်ကိုပြုပြင်ပေးတတ်သည်
ဥပစာ-မဂ်၏အနီး၌ဖြစ်သည်
အနုလုံ-မဂ်အားလျော်သည်
ဂေါတြဘူ-ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်သို့ ကပ်စေတတ်သည်။
သောတာပတ္တိမဂ်-ဆိုင်ရာကိလေသာတို့ကို သတ်၍ သစ္စာလေးရပ်ကို တပြိုင်နက်သိသည်။
သောတာပတ္တိဖိုလ်-မဂ်၏ အကျိုးဖြစ်သည်။
ဘ၀င်-ဖြစ်ဆဲဘ၀၏ မသေမပြတ် တစပ်တည်းဖြစ်ကြောင်း၊
၎င်းသောတာပတ္တိမဂ္ဂ၀ီထိ၌-
မနောဒွါရာဝဇ္ဇန်း ပရိကံ ဥပစာ အနုလုံ စိတ်တို့သည် သင်္ခါရတို့ကို အာရုံပြုကုန်သည်။
ဂေါတြဘူ မဂ်စိတ် ဖိုလ်စိတ်တို့သည် နိဗ္ဗာန်ကို အာရုံပြုကုန်သည်။
ရှေ့ဘ၀င် နောက်ဘ၀င်တို့သည် ကံ ကမ္မနိမိတ် ဂတိနိမိတ်အားဖြင့် သုံးပါးတို့တွင် တပါးပါးကို အာရုံပြုကုန်သည်။
(၇) သောတာပတ္တိမဂ်-ဖိုလ်ကို ရပြီးသော သောတာပန်သည် မဂ္ဂင်ရှစ်ပါး သိက္ခာသုံးပါးကို လုံ့မယုတ် အားထုတ်ပြန်သည်ဖြစ်၍ သကဒါဂါမိမဂ်ကို ရောက်လို ကူးလိုသော် သင်္ခါရတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု အာရုံပြုလျက် မနောဒွါရ၌ ထင်လာသည်ရှိသော်-
ဘ " န ဒ မ ပ ဥ နု ဝေါ မ ဖ ဖ ဖ" ဘ ဘ
ဘ " န ဒ မ ဥ နု ဝေါ မ ဖ ဖ ဖ" ဘ ဘ
တိဟိတ်ကာမဘ၀င်
ဘ၀င်္ဂစလန-ဘ၀င်နှစ်ကြိမ် လှုပ်ပြီးလျှင် ထိုလက္ခဏာရေးကို အာရုံပြု၍
မနောဒွါရာဝဇ္ဇာန်း ဉာဏသမ္ပယုတ် ဇောလေးခုတို့တွင် တခုခုသော ဇောသည် လက္ခဏာရေးကို အာရုံပြုလျက်
ပရိကံ ဥပစာ အနုလုံ ဟုသုံးကြိမ် နိဗ္ဗာန်ကို အာရုံပြုသည်ဖြစ်၍ ဝေါဒါန် ဟုအမည်ပြောင်း၍
သကဒါဂါမိ မဂ်ဇော တကြိမ်၊ သကဒါဂါမိ ဖိုလ်ဇော နှစ်ကြိမ်နှင့် ဘ၀င် ဖြစ်၏။
သောတာပတ္တိမဂ္ဂ၀ီထိ၌ ဂေါတြဘူရှိသော်လည်း သကဒါဂါမိမဂ္ဂ၀ီထိ၌ ပဌမဝေါဒါန်၊ အနာဂါမိမဂ္ဂ၀ီထိ၌ ဒုတိယဝေါဒါန်၊ အရဟတ္တမဂ္ဂမဂ္ဂ၀ီထိ၌ တတိယဝေါဒါန်ဟု အစဉ်အတိုင်း ဂေါတြဘူအစား ဝေါဒါန် ရေတွက်ရပါသည်။ ဤသည်ကား ဝေါဒါနပညာ။
Ref: စတုဘုမ္မိကကျင်းစဉ်ကျမ်း၊ ဒွိတ္တိံသာလောကဒီပနီကျမ်း၊ အဘိဓမ္မာသင်တန်းကျမ်း၊ သဂြိင်္ုဟ်ရှင်းတမ်းကျမ်းနှင့် ငှက်တွင်း အရှင်ပညာဝံသ၏ မှတ်စုမျာ။