ရဟန်းတို့ မပြုပြင်အပ်သော အသင်္ခတတရားကိုလည်းကောင်း၊ မပြုပြင်အပ်သော အသင်္ခတရားသို့ ရောက်ကြောင်း လမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။
ရဟန်းတို့ မပြုပြင်အပ်သော အသင်္ခတတရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရာဂကုန်ရာ ဒေါသကုန်ရာ မောဟကုန်ရာ (နိဗ္ဗာန်) ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော အသင်္ခတတရားဟု ဆိုရ၏။ ရဟန်းတို့ မပြုပြင်အပ်သော အသင်္ခတတရားသို့ ရောက်ကြောင်း လမ်းဟူသည် အဘယ်နည်း။ သမထနှင့် ၀ိပဿနာပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော အသင်္ခတတရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ ။
(သဠာယတန၀ဂ္ဂသံယုတ်-ပဌမ၀ဂ်-သမထ၀ိပဿနာသုတ်)