ပဋိကူလ မနသိကာရပိုင်း၌ ရုပ် နာမ်နှစ်ပါး ခွဲဝေပြီးလျှင် ၀ိပဿနာတင်ကာ အဘယ်သို့ ဆင်ခြင်ရပါသနည်း
ဆံပင်- အစရှိသော ကောဋ္ဌာသ သုံးဆယ့်နှစ်ပါးတို့သည် ရုပ်တရားဖြစ်ကြပါသည်။
ထိုကောဋ္ဌာသတို့ကို ဆင်ခြင်သော သတိသည် နာမ်တရားဖြစ်ပါသည်။
ထိုရုပ်တရား၊ နာမ်တရားများသည်-
ခဏခဏပျက်စီးခြင်း အနိစ္စသဘော၊
ဖြစ်ခြင်း ပျက်ခြင်းတို့နှင့် မကင်းသော ဒုက္ခသဘော၊
အလိုသို့မလိုက် အစိုးမရသော အနတ္တသဘောအမှန်ဖြစ်ပါသည်။
ဤသို့ ရုပ်၊ နာမ်နှစ်ပါးခွဲဝေကာ ၀ိပဿနာတင်၍ ဆင်ခြင်ရပါသည်။ ။
လယ်တီပဏ္ဍိတ, ဆရာ-ဦးမောင်ကြီး