သဗ္ဗညုတဘုရားမြတ်စွာ၏ စတုဘုမ္မိကနိကာယ ဂိုဏ်းလုံးဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကြီးကို ၁၃၇၃-ခုနှစ်၊ နတ်တော်လဆန်း (၁၃)ရက်၊ (၈.၁၂.၂၀၁၁) ကြာသပတေးနေ့ နေ့လည် (၁)နာရီအချိန်တွင် စတုဘုမ္မိကဗဟိုဌာနချုပ်ရန်ကုန်မြို့၌ ဂဏာဓိပတိဗိုလ်ချုပ်ဆရာတော်ကြီးအမှူးပြုသော ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးမှ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်အရှင်မြတ်တို့က နမော တဿ သုံးကြိမ်နှင့် သာသနဿ စ လောကဿ စသောနှစ်ဂါထာတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်၍ သာသနာရေးရာ အထွေထွေကိစ္စရပ်များကို ညနေ (၃)နာရီထိ ဆွေးနွေးတော်မူကြပြီး ဇယန္တော ဗောဓိယာ မူလေ စသောနှစ်ဂါထာတို့ကိုသုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကြီးကို ရုတ်သိမ်းတော်မူကြပါသည်။
သြ၀ါဒါစရိယ၊ ဂဏာဓိပတိဆရာတော်ကြီး၏ သြ၀ါဒကထာ မှာ..
အရှင်မြတ်တို့ တာဝန်ကျရာ မြို့/ရွာ ဒေသ အသီးသီး၌ သက္ကော ဥဇူ စ သုဟုဇူ စ စသော ကရဏီယတရားတို့ဖြင့်ကျင့်သုံးနေထိုင်ကြရန် မိန့်ကြားတော်မူပါသည်။
သဘာပတိ၊ ဂဏနာယက ဥက္ကဋ္ဌ ဆရာတော်ကြီး၏ သြ၀ါဒကထာ မှာ..
ပရိယတ်မှ ပဋိပတ်၊ ပဋိပတ်မှ ပရိယတ် အညမည ရှိမှ ကြီးပွားနိုင်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။