စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

ဝိပဿနာဉာဏ်စဉ် ၁၀-ပါး အကျဉ်းမှတ်ချက်

(၁) ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တအားဖြင့် ရှုသော သမ္မသနဉာဏ်
(၂) ဖြစ်ခြင်း၊ ပျက်ခြင်းကိုသာ ရှုသော ဥဒယဗ္ဗယဉာဏ်
(၃) ပျက်ခြင်းကိုသာ ရှုသော ဘင်္ဂဉာဏ်
(၄) ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု ရှုသော ဘယဉာဏ်
(၅)  အပြစ်အားဖြင့် ရှုသော အာဒီန၀ဉာဏ်
(၆) ငြီးငွေ့သောအားဖြင့် ဖြစ်သော နိဗ္ဗိဒါဉာဏ်
(၇) လွက်မြောက်လိုခြင်း အစွမ်းအားဖြင့်ဖြစ်သော မုဉ္စိတုကမျတာဉာဏ်
(၈) တစ်ဖန် သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်း၏ အစွမ်းဖြင့်ဖြစ်သော ပဋိသင်္ခါဉာဏ်
(၉) ကြောင်ခြင်း၊ နှစ်သက်ခြင်းကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်
(၁၀) အောက်၌ဖြစ်သော ၀ိပဿနာဉာဏ် ၉-ပါး၊ (အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့်) မဂ်ဖြစ်ခြင်းငှာလျော်သော အနုလောမဉာဏ်

Ref: ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ စတုဘုမ္မိကကျင့်စဉ်နှင့် အဘိဓမ္မာသင်တန်းကျမ်း။