စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

ဝိဿနာညစ်နွမ်းကြောင်း(မဂ္ဂန္တရာယ်) ၁၀-ပါး

ဥဒယဗ္ဗယဉာဏ်ရင့်သန်လျှင် ၀ိပဿနာညစ်နွမ်းကြောင်း ၀ိပဿနုပက္ကိလေသ ၁၀-ပါး ဖြစ်ပေါ်လာပုံမှာ-

(၁) ရုပ်-နာမ်တို့၏ အဖြစ်-အပျက်ကို ရှင်းလင်းစွာသိမြင်သောအခါ လွန်စွာစိတ်ကြည်လင်၍ ကိုယ်မှ အရောင်အလင်းထွက်ခြင်း သြဘာသ

(၂) ခုဒ္ဒိကာ-ကြသီးမွေးညင်းထခြင်း၊ ခဏိကာ-ခဏခဏဖြစ် ခဏခဏပျက်ခြင်း၊ သြက္ကန္တိက-တစ်ကိုယ်လုံး ဖုံးလွှမ်းခြင်း၊ ဥဗ္ဗေဂါ-ကိုယ်ကိုအထက်သို့ မြောက်နိုင်ခြင်း၊ ဖရဏာ-ကြာရှည်စွာ တစ်ကိုယ်လုံး ပျံ့နှံ့ခြင်းဟူသော နှစ်သက်ခြင်း ပီတိ

(၃) ကိုယ်-စိတ်နှစ်ပါး၏ ငြိမ်းခြင်း ပဿဒ္ဓိ

(၄) ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်တတ်သော အဓိမောက္ခ

(၅) ၀ိပဿနာစိတ်ကို ထောက်ပံ့တတ်သော ပဂ္ဂဟ

(၆) တစ်ကိုယ်လုံး၌ စိတ္တဇရုပ်တွေ ပျံ့နှံ့စေတတ်သော သုခ

(၇) ၀ိပဿနာဉာဏ်၏ သွက်လက်လျင်မြန် အမြင်သန်သော ဉာဏ်

(၈) ၀ိပဿနာအာရုံ၌ ထင်လွယ်ခြင်း ဥပဋ္ဌာန

(၉) အဖြစ်အပျက်ရူရာ၌ ကြောင်းကြ-ဗျာပါရ မပြုရဘဲ အသင့်အားဖြင့် ရူနိုင်ခြင်း၊ ဆင်ခြင်လိုသောအခါ ဆင်ခြင်နိုင်ခြင်း ဥပေက္ခာ

(၁၀) ၎င်း သြဘာသစသော ၉-ပါးကို နှစ်သက်တတ်သော တဏှာ

ထိုသို့ ဖြစ်ပေါ်လာခဲ့သော် မဂ်အစ်လမ်းမှန်မဟုတ်၊ မဂ်အစစ်လမ်းမှန်သည် သစ္စာ ၄-ပါး/ ၁၆-ပါးကို တပြိုင်နက်သိသော သတ္တိရှိသည်ဟု ယုံကြည်ဆုံးဖြတ်လျက် ဥဒယဗ္ဗယဉာဏ်ကို သန်သန်အားထုတ်၍ လွတ်ထွက်စေ
ရပါမည်။

မှတ်ချက်။ ၎င်း ၁၀-ပါးသည် တဏှာ မာန ဒိဋ္ဌိတို့၏ တည်ရာဖြစ်၍ ၀ိပဿနာကို ညစ်နွမ်းစေတတ်သော ဘေးရန်(၀ိပဿနုပက္ကိလေသ ၁၀x တဏှာ မာန ဒိဋ္ဌိ ၃=၃၀)အကျယ် ဖြစ်သည်။

Ref: ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊ စတုဘုမ္မိကကျင့်စဉ်၊ သဂြိင်္ုဟ်ဘာသာဋီကာနှင့် အဘိဓမ္မာသင်တန်းကျမ်း။