စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

ကာယ ၅-ဖြာ၊ သဘာဝ ၁၀-ချက်နှင့် လက္ခဏာ ၃-နက် ရှုပွားနည်း

အတ္ထိ ဣမသ္မိံ ကာယေ- ပထ၀ီကာယာ၊ အာပေါကာယာ၊ တေဇောကာယာ၊ ၀ါယောကာယာ၊ ၀ိညာဏကာယာ။

တတ္ထ ကတမေ ပထ၀ီကာယာ-
ကေသာ လောမာ နခါ ဒန္တာ တစော၊
မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဖံ ၀က္ကံ၊
ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ၊
အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ၊
ဣမေ ၀ုစ္စန္တိ ပထ၀ီကာယာ။

တတ္ထ ကတမေ အာပေါကာယာ-
ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊
အဿု ၀သာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ၊
ဣမေ ၀ုစ္စန္တိ အာပေါကာယာ။

တတ္ထ ကတမေ တေဇော ကာယာ-
သန္တပ္ပေါ ဒါဟော ပါစကော ဇိရဏာ၊
ဣမေ ၀ုစ္စန္တိ တေဇောကာယာ။

တတ္ထ ကတမေ ၀ါယော ကာယာ-
ဥဒ္ဓင်္ဂမ၀ါတာ အဓောဂမ၀ါတာ ကုစ္ဆိသယ၀ါတာ
ကောဋ္ဌာသယ၀ါတာ အင်္ဂမင်္ဂါနုသာရိနောဝါတာ
အဿာသပဿာသ၀ါတာ၊
ဣမေ ၀ုစ္စန္တိ ၀ါယောကာယာ။

တတ္ထ ကတမေ ၀ိညာဏ ကာယာ-
စက္ခုဝိညာဏံ သောတ၀ိညာဏံ ဃာန၀ိညာဏံ
ဇိဝှါဝိညာဏံ ကာယ၀ိညာဏံ မနောဝိညာဏံ၊
ဣမေ ၀ုစ္စန္တိ ၀ိညာဏကာယာ။


ပထ၀ီကာယ၊ သဘာဝ ၁၀-ချက်နှင့် လက္ခဏာ ၃-နက် ရှုပွားနည်း

ကေသကာယေ  ကက္ခဠကိရိယာ ပထ၀ီ နာမ၊
အာဗန္ဓနကိရိယာ အာပေါ နာမ၊ ဥဏှတ္ထကိရိယာ တေဇော နာမ၊ ၀ိတ္ထမ္ဘနကိရိယာ ၀ါယော နာမ၊ ၀ဏ္ဏော ဂန္ဓော ရသော သြဇာ၊ တဒုပါဒါ သဗ္ဗေ တေ ဓမ္မာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ နိဿတ္တာ နိဇ္ဖီဝါ တုစ္ဆာ သုညာ ခယဓမ္မာ ၀ယဓမ္မာ ၀ိရာဂဓမ္မာ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။

{ လောမကာယေ, နခကာယေ, ဒန္တကာယေ, တစကာယေ၊ မံသကာယေ, နှာရုကာယေ, အဋ္ဌိကာယေ, အဋ္ဌိမိဉ္ဖံကာယေ, ၀က္ကကာယေ၊ ဟဒယကာယေ, ယကနကာယေ, ကိလောမကကာယေ, ပိဟကကာယေ, ပပ္ဖါသကာယေ၊ အန္တကာယေ, အန္တဂုဏကာယေ, ဥဒရိယကာယေ, ကရီသကာယေ, မတ္ထလုင်္ဂကာယေ- တို့ကိုလည်း ကေသကာယေ အတိုင်းဆိုရမည်။ }



အာပေါကာယ၊ သဘာဝ ၁၀-ချက်နှင့် လက္ခဏာ ၃-နက် ရှုပွားနည်း

ပိတ္တကာယေ  ကက္ခဠကိရိယာ ပထ၀ီ နာမ၊
အာဗန္ဓနကိရိယာ အာပေါ နာမ၊ ဥဏှတ္ထကိရိယာ တေဇော နာမ၊ ၀ိတ္ထမ္ဘနကိရိယာ ၀ါယော နာမ၊ ၀ဏ္ဏော ဂန္ဓော ရသော သြဇာ၊ တဒုပါဒါ သဗ္ဗေ တေ ဓမ္မာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ နိဿတ္တာ နိဇ္ဖီဝါ တုစ္ဆာ သုညာ ခယဓမ္မာ ၀ယဓမ္မာ ၀ိရာဂဓမ္မာ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။

{ သေမှကာယေ, ပုဗ္ဗကာယေ, လောဟိကာယေ, သေဒကာယေ၊ မေဒကာယေ, အဿုကာယေ, ၀သာကာယေ, ခေဠကာယေ, လသိကာကာယေ၊ မုတ္တကာယေ- တို့ကိုလည်း ပိတ္တကာယေ အတိုင်းဆိုရမည်။}


တေဇောကာယ၊ သဘာဝ ၁၀-ချက်နှင့် လက္ခဏာ ၃-နက် ရှုပွားနည်း

သန္တာပကာယေ  ကက္ခဠကိရိယာ ပထ၀ီ နာမ၊
အာဗန္ဓနကိရိယာ အာပေါ နာမ၊ ဥဏှတ္ထကိရိယာ တေဇော နာမ၊ ၀ိတ္ထမ္ဘနကိရိယာ ၀ါယော နာမ၊ ၀ဏ္ဏော ဂန္ဓော ရသော သြဇာ၊ တဒုပါဒါ သဗ္ဗေ တေ ဓမ္မာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ နိဿတ္တာ နိဇ္ဖီဝါ တုစ္ဆာ သုညာ ခယဓမ္မာ ၀ယဓမ္မာ ၀ိရာဂဓမ္မာ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။

{ ဒါဟကာယေ, ပါစကကာယေ, ဇီရဏကာယေ - တို့ကိုလည်း  သန္တာပကာယေ အတိုင်းဆိုရမည်။ }


ဝါယောကာယ၊ သဘာဝ ၁၀-ချက်နှင့် လက္ခဏာ ၃-နက် ရှုပွားနည်း

ဥဒ္ဓင်္ဂမ၀ါတကာယေ  ကက္ခဠကိရိယာ ပထ၀ီ နာမ၊
အာဗန္ဓနကိရိယာ အာပေါ နာမ၊ ဥဏှတ္ထကိရိယာ တေဇော နာမ၊ ၀ိတ္ထမ္ဘနကိရိယာ ၀ါယော နာမ၊ ၀ဏ္ဏော ဂန္ဓော ရသော သြဇာ၊ တဒုပါဒါ သဗ္ဗေ တေ ဓမ္မာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ နိဿတ္တာ နိဇ္ဖီဝါ တုစ္ဆာ သုညာ ခယဓမ္မာ ၀ယဓမ္မာ ၀ိရာဂဓမ္မာ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။

{ အဓောဂမ၀ါတကာယေ, ကုစ္ဆိသယ၀ါတကာယေ, ကောဋ္ဌာသယ၀ါတကာယေ, အင်္ဂမင်္ဂါနုသာရီနောဝါတကာယေ, အဿာသပဿာသ၀ါတကာယေ- တို့ကိုလည်း  ဥဒ္ဓင်္ဂမ၀ါတကာယေ အတိုင်းဆိုရမည်။ }


ဝိညာဏကာယ၊ သဘာဝ ၁၀-ချက်နှင့် လက္ခဏာ ၃-နက် ရှုပွားနည်း

စက္ခုဝိညာဏကာယေ  ကက္ခဠကိရိယာ ပထ၀ီ နာမ၊
ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ စေတနာ သင်္ခါရက္ခန္ဓော၊ ၀ိညာဏံ ၀ိညာဏက္ခန္ဓော၊ သဗ္ဗေ တေ ဓမ္မာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ နိဿတ္တာ နိဇ္ဖီဝါ တုစ္ဆာ သုညာ ခယဓမ္မာ ၀ယဓမ္မာ ၀ိရာဂဓမ္မာ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာ။

{ သောတ၀ိညာဏကာယေ, ဃာန၀ိညာဏကာယေ, ဇိဝှါဝိညာဏကာယေ, ကာယ၀ိညာဏကာယေ, မနောဝိညာဏကာယေ- တို့ကိုလည်း  ကာယ၀ိညာဏကာယေ အတိုင်းဆိုရမည်။ }

ဣမသ္မိံ မေ ကာယေ အဋ္ဌစတ္တာလီသပဒဘေဒါ ဓာတုကာယာ ဓမ္မကာယာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ နိဿတ္တာ နိဇ္ဖီဝါ တုစ္ဆာ သုညာ ခယဓမ္မာ ၀ယဓမ္မာ ၀ိရာဂဓမ္မာ နိရောဓဓမ္မာ၊ ခယဋ္ဌေန အနိစ္စာ၊ ဘယဋ္ဌေန ဒုက္ခာ၊ အသာရကဋ္ဌေန အနတ္တာတိ။


ပထ၀ီကာယ၊ သဘာဝ ၁၀-ချက်နှင့် လက္ခဏာ ၃-နက် ရှုပွားနည်း (မြန်မာ)

ဓာတ်ကြီး ၄-သွယ်
ကေသကာယေ၊ ဆံပင်ခေါ်ပြု ကိုယ်အစု၌။
ကက္ခဠကိရိယာ၊ မြေဓာတ်ပမာ ကြမ်းတမ်းခက်မာမှု သဘောအစုသည်။ ပထ၀ီနာမ၊ အဖတ်ကလာပ် ပေါင်းစုအပ်တဲ့ မြေဓာတ်စစ်မည်၏။
အာဗန္ဓနကိရိယာ၊ ဖွဲ့စေးကပ်တွယ်မှု သဘောအစုသည်။ အာပေါနာမ၊ အရေရှိန်ကလာပ် ပေါင်းစုအပ်တဲ့ ရေဓာစစ်မည်၏။
ဥဏှတ္တကိရိယာ၊ နွေးမှု-ပူမှု အရှိန်အခိုး သဘောအစုသည်။ တေဇောနာမ၊ အခိုးအရှိန်ကလာပ် ပေါင်းစုအပ်တဲ့ မီးဓာတ်စစ်မည်၏။
ဝိတ္ထမ္ဘနကိရိယာ၊ ထောက်ကန်လှုပ်ရှားမူ သဘောအစုသည်။ ၀ါယောနာမ၊ အဟုန်ကလာပ် ပေါင်းစုအပ်တဲ့ လေဓာတ်စစ်မည်၏။

ဓာတ်ငယ် ၄-ပါး
ဝဏ္ဏော၊ အဆင်းဓာတ်သည်လည်းကောင်း။ ဂန္ဓော၊ အနံ့ဓာတ်သည်လည်းကောင်း။ ရသော၊ အရသာဓာတ်သည်လည်းကောင်း။ သြဇာ၊ ပြန့်နှံ၍တည် သြဇာအဆီဓာတ်သည်လည်းကောင်း။ ဣမေ၊ ဤလေးပါးသောဓာတ်ငယ်တို့သည်။ တဒုပါဒါ၊ မြေ-ရေ-လေ-မီး ဓာတ်ကြီးတွေကို မှီနေထင်ရှား ထိုဓာတ်ငယ် ဓာတ်သေးတို့သာတည်း။

သဘာဝ ၁၀-ချက်
သဗ္ဗေ၊ အလုံးစုံကုန်သော။ ဧတေဓမ္မာ၊ ထိုဓာတ်ကြီးလေးသွယ် မှီနေတွယ်တဲ့ ဓာတ်ငယ်လေးပါး ရုပ်တရားတို့သည်။
၁။ သင်္ခတာ၊ အဖန်ဖန်ပင် အကြောင်းယှဉ်၍ ပြုပြင်အပ်သော တရားတို့သာတည်း။
၂။ ပဋိစ္စသမုပ္ပန္နာ၊ အကြောင်းကိုစွဲ တပေါင်းတည်းသာ မခွဲသာအောင် ဖြစ်ပေါ်လာသော တရားတို့သာတည်း။
၃။ နိဿတ္တာ၊ ပုဂ္ဂိုလ်သမုတ် သတ္တ၀ါမဟုတ်သော်လဲ အဟုတ်မရှိကြလေကုန်။
၎။ နိဇ္ဇီဝါ၊ စက္ကန့် မိနစ် နာရီခေတ်မျှ စိစစ်ပြနိုင်တဲ့ ဇီဝအသက် မပေါ်ထွက်သဖြင့် အသက်ဝိညာဉ် အရှင်မဟုတ်ကုန်။
၅။ တုစ္ဆာ၊ အမြတ်အကြီး မနီးမစပ်ဘဲ အချည်းနှီးသာ တန်ဖိုးမရှိသော သဘာဝမျိုးတို့သာတည်း။
၆။ သုညာ၊ မြဲတဲ့ဂုဏ် ချမ်းသာတဲ့ဂုဏ် အစိုးရတဲ့ဂုဏ် တင့်တယ်တဲ့ဂုဏ် အလုံးစုံတို့မှ အကုန်ဆိတ်သုဉ်းခြင်းရှိကုန်၏။
၇။ ခယဓမ္မာ၊ ဘာတခုမျှ ရှာမရအောင် ခဏခဏ ကုန်ဆုံးသော သဘောအလေ့ရှိကုန်၏။
၈။ ၀ယဓမ္မာ၊ ခဏတွင်းမျှ ပေါ်ပေါက်ကြပြီး ကွယ်ပပျောက်ဆုံးခြင်းအလေ့ရှိကုန်၏။
၉။ ၀ိရာဂဓမ္မာ၊ ခဏခြင်းဝယ် ဖြစ်ပေါ်လွယ်၍ ပျောက်ပြယ်ခြင်းသဘောအလေ့ရှိကုန်၏။
၁၀။ နိရောဓဓမ္မာ၊ ခဏခဏကိန်း ခဏခဏသိမ်း၍ ချုပ်ငြိမ်းခြင်းသဘောအလေ့ရှိကုန်၏။

လက္ခဏာ ၃-နက်

(က) ခယဋ္ဌေန၊ ဖြစ်ပေါ်သမျှ မတည်ရာဘဲ ခဏခဏကုန်ဆုံးခြင်း အနက်သဘောကြောင့်။ အနိစ္စာ၊ ဟောင်းသစ်ပြောင်းလဲ မရပ်စဲသဖြင့် အမြဲမရှိသော အနိစ္စမျိုးတို့သာလျှင်တည်း။
(ခ) ဘယဋ္ဌေန၊ ကြောက်လန့်ဖွယ်မှု ဘေးအစုဟု မှတ်ရှုအပ်သော အနက်သဘောကြောင့်။ ဒုက္ခာ၊ ကြိတ်ချေဆောင်ဆွဲ တသဲသဲကြောင့် ဆင်းရဲမျိုးတို့သာလျှင်တည်း။
(ဂ) အသာရကဋ္ဌေန၊ စက္ကန့် မိနစ် နာရီခေတ်မျှ အနှစ်သာရ ရှာမရသော အနက်သဘောကြောင့်။ အနတ္တာ၊ အတ္တခေါ်ရိုး မရှိမျိုးကြောင့် အစိုးမရသော သဘောတို့သာလျှင်တည်း။

[ ကာယ ၅-ဖြာ၊ အနက်အကျယ်ကို နံယောဆရာတော်ဘုရား ရေးသားသည့် စတုဘုမ္မိကကျင့်စဉ်ကျမ်းတွင် လေ့လာဖတ်ရှုနိုင်ပါသည်။ ]