စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း နှစ်ပတ်လည်သံဃာ့အစည်းအဝေးက ၁၃၇၇ခု၊ နတ်တော်လဆန်း ၁၃(၂၀၁၅ခု၊ ဒီဇင်ဘာလ ၂၄)ရက်နေ့တွင် နိုင်ငံတော် သြ၀ါဒါစရိယ တောင်ငူမြို့ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးကို ပဓာနနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူပြီး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မန္တလေးမြို့ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ ဆရာတော်ဘုရားကြီးကို အနုနာယက ဂဏာဓိပတိ အဖြစ်တင်မြောက်တော်မူကြပါသည်။ (စ-ဗ)

ဟောနည်းပြကွက် တရားလင်္ကာများ အပိုင်း (၂)

 နည်းစုံပွားသန် ၀ိဇ္ဇာဥာဏ် ဖန်ဖန် တိုးတက်လာ။

ကိုယ်စိတ်ချမ်းသာ ငြိမ်းအေးစွာနှင့်
သုံဖြာဝိတက် မပေါ်ထွက်ဘဲ
ချုပ်ပျက်ဝိစာ ဥာဏ်ဝိဇ္ဇာတို့
ဝင်လာမစဲ တသဲသဲဖြင့်
ဖြိုခွဲကိလေ မိုက်မှားတွေကို
ပယ်ချွေဆင့်ဆင့် အသိရင့်၍
လင်းပွင့်မဂ်ဖိုလ် ၀င်ရောက်ခိုလိမ့်
မိန့်ဆိုမြတ်စွာ ဟောညွှန်ပါ၍
ကောဋ္ဌာသစု နည်းစုံရှုသော်
ရမှုလမ်းမှန် ကျိုးတန်တန်ကို
ဧကန်ပင်ရ ယုံကြည်ကြသည်
ကာယဂတာသတိ ပွားကြတည်း။

ကာယငါးရပ် မပြတ်ပွားရင်
လက်နက်ရန်ဘေး ကင်းဝေးသိမြင်
အရေးရှိက ပွားကြတွင်တွင်
သံကိစ္စ စံပြဇာတ်လမ်းပင်
ယုံကြည်ပွား ထင်ရှား ကောင်းကျိုးပင်။

ငါးရာခိုးသား မိုက်မှားအစဉ်
ပြင်ကြပြောင်းကြ တခဏပင်
အကုသိုလ်များ ဆောင်ပွားမဂ္ဂင်
ဟောင်းကုန်ပျက် ပေါ်ထွက်သစ်မယှဉ်
ကြိုးစားကြ ဗုဒ္ဓ ခေတ်ကောင်းပင်။

ဟောင်းသစ်ပေါင်းစု အကုများစွာ
မဂ္ဂင်ဆောင်ပွား ဆည်းတားနိုင်ပါ
နည်းစုံပွားရှု ပယ်မှုလွယ်ခါ
ဥာဏ်ရှေ့သွား ရွတ်ပွား နည်းစုံသာ
မဂ်ရှစ်ချက် တိုက်ဖြတ် ကင်းလွတ်ပါ
ဒုက္ခငြိမ်း တည်ကိန်း နိဗ္ဗူတာ။


 ဆူဆူဘုရား၊ မပယ်ရှား၊ ရွတ်ပွားကြပါ ဒွတ္တိံသာ။

သမ္မာဘွဲ့ယူ၊ သယမ္ဗူဟု၊ ဆူဆူဘုရား၊ တရားအမတာ၊ ကာယဂတကို၊ လေ့လာနည်းစုံ၊ ပွားများတုံက မိုက်ဟုန်ကြည့်ပါ၊ အ၀ိဇ္ဇာကို၊ ပယ်ခွါနိုင်ပါ၊ ဥာဏ်ဝိဇ္ဇာတို့၊ ၀င်လာမစဲ၊ တသဲသဲကြောင့် ထူကဲမာန၊ ဖြုတ်ကွာကြ၍၊ နုသယရန်၊ တွန်းပါလှန်ပြီး၊ ဆယ်တန်ဖွဲ့ယှဉ်၊ သံယောဇဉ်ကို၊ ပယ်ကြဉ်နိုင်ပါ၊ ပြညွှန်ခါဖြင့်၊ မြတ်စွာဘုရား၊ ဟောညွှန်ကြားသည့်၊ တရားစစ်မှန်၊ ကောဋ္ဌာသံကို၊ မြဲမြံပွားကြ၊ ပါဠိပြသည်၊ ဗုဒ္ဓနှုတ်ထွက် မိန့်ခွန်းတည်း။

 ကြောင်းကျိုးအစဉ်၊ မသိမြင်၊ ခေါ်တွင် အန္ဓသာ။

သစ္စာလေးပါး၊ ကြောင်း-ကျိုးထား၍၊
ပိုင်းခြားကျန၊ မသိကြသော်၊
အန္ဓခေါ်ပါ၊ ရှောင်ကြဉ်ခွါလော့၊
သစ္စာနှစ်ပါး၊ လောကီများ၌၊
ပိုင်းခြားသိရင်၊ တဘက်မြင်မို့၊
ရှောင်ကြဉ်ဆီးကပ်၊ မပြုအပ်ပေ၊
လေးရပ်သစ္စာ၊ ပယ်သယ်ရာကို၊
လိမ္မာမြင်သိ၊ ပညာရှိမို့၊
သတိဥာဏ်မြတ်၊ တိုးပွားတတ်၍၊
ဆည်းကပ်နည်းယူ၊ အကျင့်ဖြူအောင်၊
သင်ယူသိက္ခာ၊ သာသနာကို၊
လေ့လာဆောင်ပွား၊ လန်ကြိုးစားက၊
ခြောက်ပါးကောင်းကျိုး၊ နေ့စဉ်တိုးလိမ့်၊
တန်ဖိုးမပြတ်၊ ဆရာမြတ်တို့၊
ထပ်ထပ်ကိုးကွယ်၊ လေးအပါယ်က၊
လွတ်မယ်ဧကန်၊ အရိယန်လို
အောင်လံဆင့်ဆင့်၊ စိုက်ထူလွှင့်လျက်၊
အမြင့်ထိပ်တန်း၊ နိဗ္ဗူနန်းသို့၊
တက်လှမ်းနိုင်မည်၊ စိတ်ကောင်းတည်သည်၊
ယုံကြည်လေးစား ဆည်းကပ်တည်း။




 သောတာပန်ကား၊ အသံကြား၊ လေးပါးသစ္စာ ခွဲသိပါ။


သုပ္ပဗုဒ္ဓ ဒုက္ခသသည်ပါ
တရားနာသွား တောင်းစားဘို့ရာ
စိတ်ပါဝင်စား တရားနာရာ
အသိတိုး အားကိုး ရယူရှာ။
ဒိဋ္ဌ်-၀ိပြုတ် လောကုတ်နယ်ကူးပါ
သောတာပန် အောင်လံစိုက်ထူပါ။

တရားနာကျိုး ငါးမျိုးရမယ်
အသစ်အထူး ကြားဘူးစင်ကြယ်
အယူဖြောင်လို့ ယုံမှားကင်းမယ်
စိတ်ကြည်လင် သေရင် ပါယ်လွတ်တယ်
အမျိုးမြတ်ခြင်း ကံဖြစ်ရမယ်
လွန်ပြည့်စုံ ကုန်လုံကြွယ်ဝတယ်။

မဂ္ဂင်အားထုတ် ကင်းပြုတ်ဒိဋ္ဌ်-၀ိ
ဒုကံသုံးပါး ကြဉ်ပွားနေသည်
ပါရမီဂိုဏ်း မဆိုင်းစုံညီ
လက်အုပ်ဖြီ ယုံကြည်လှပေသည်
ယုံမှားခြင်း ရှစ်စင်း လွတ်ရပြီ
သာသနာ ရောက်ရာပြုတော့သည်။

ဝတ္ထုဇာတ်လမ်း မှတ်တမ်းဥာဏ်ယှဉ်
အကျင့်အလုပ် အားထုပ်မဂ္ဂင်
ပါရမီမျိုး စိုက်ပျိုးနေ့စဉ်
သာသနာ ကြုံလာတုန်းပင်
ပျင်း-အရိ မငြိ ပယ်ထုတ်နှင်
မျိုးမရွေး ကျိုးပေး ရှစ်မဂ္ဂင်။


အဓိသိက္ခာ သာသနာ မှန်စွာ သိဖြည့်ပါ။

၁။ လောကီကုသိုလ် ထိုထိုများစွာ
၂။ သာသနာပ ပြုကြသည်သာ
၃။ သာသနာတွင်း သက်ဆင်းရောက်လာ
၎။ ပါရမီယုံကြည် ဖြည့်ကြပါ။
၅။ မဂ္ဂင်မြတ် ပွားအပ် အခါခါ
၆။ လူဖြစ်ကျိုး တန်းဘိုး ရှိမည်သာ။

၁။ ရပ်နေလဲမြုပ် အားထုတ်မျော ပါ
၂။ သခါၤရစု မျပဳေရွာင္ခါြ
၃။ ကာမ-ရူပ ပုညာဘိသာ
၄။ အကုသိုလ် ခေါ်ဆို အပုညာ
၅။ အရူပ ခေါ်ကြ အာနဉ္စာ။


 ကာယဂတာသတိ အမည်ရှိ သတိပဋ္ဌာန် ပွားကြပါ။

ကာယဂတာသတိ အမည်ရှိတဲ့ သတိပဋ္ဌာန်  လုပ်ငန်းမှန်ကို
ပွားရန်နည်းမြတ် အစုတတ်အောင် မပြတ်လေ့လာ သင်ယူခါဖြင့်
ကောင်းစွာဆောင်ပွား ယောဂီများ၌ မှတ်သားကောင်းကျိုး ခုနှစ်မျိုးတို့
ပွားတိုးဧကန် သဘောမှန်ကို ဇိနံမိန့်မှာ ဒေသနာ၌
သင်္ချာထင်ရှား ရှိပြီးသားမို့ ကြီးမားသဒ္ဓါ ယုံကြည်စွာဖြင့်
လေ့လာထင်ရှား ပွားနည်းများကို ကြိုးစားနေ့ည ဆောင်ပွားကြသော်
ဗုဒ္ဓညွှန်ကြား ခုနှစ်ပါးသည် ထင်ရှားဧကန် တွေ့မည်တည်း။