(၁) အတိတ်ဘ၀၌ဖြစ်သော ရုပ်နာမ်စသည်ဖြင့် မခွဲခြားပဲ ရူပက္ခန္ဓာအားလုံး၊ ဝေဒနာက္ခန္ဓာအားလုံး စသည်အားဖြင့် ခန္ဓာတစ်ခု တစ်ခုကို အပေါင်းပြု၍ သုံးသပ်ခြင်း ကလာပသမ္မသနနည်း။
(၂) အတိတ်ဘ၀၌ဖြစ်သော ရူပက္ခန္ဓာ၊ ပစ္စုပ္ပန်ဘ၀၌ဖြစ်သော ရူပက္ခန္ဓာ စသည်အားဖြင့် ဘ၀ခွဲခြား၍ သုံးသပ်ခြင်း အဒ္ဓါနသမ္မသနနည်း။
(၃) အအေးရုပ်အစဉ်၊ အပူရုပ်အစဉ် စသည်ဖြင့် တစ်ဘ၀တည်း၌ပင် အစဉ်အမျိုးမျိုး ခွဲခြား၍ သုံးသပ်ခြင်း သန္တတိသမ္မသနနည်း။
(၄) ရုပ်အစဉ် တစ်မျိုးတည်း၌ပင် ဥပါဒ်၊ ဌီ၊ ဘင်ဟူသော ခဏအားဖြင့်ခွဲ၍ သုံးသပ်ခြင်း ခဏသမ္မသနနည်း။
Ref: ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ ဒွတ္တိံသာလောကဒီပနီကျမ်း၊ အဘိဓမ္မာသင်တန်းကျမ်း၊နှင့် သဂြိင်္ုဟ်ဘာသာဋီကာကျမ်း။